Preload Image
ခေတ္တစောင့်ပါ...
top of page

Training & Teaching Methods for Children’s Art: Instructor Training Program

အသက် ၄ နှစ်မှ ၁၂ နှစ်အတွင်းကလေးငယ်များအား
ပန်းချီအနုပညာ ပြန်လည်သင်ကြားလိုသူများအတွက်
Art Training Class - (Zoom Class)

Private/Government/International School များမှာသင်ကြားပြသနေသော သင်ကြားရေးအတွေ့အကြုံရှိ ဆရာ/ဆရာများ၊ မိဘများနှင့် ပြင်ပမှ ကလေးပန်းချီသင်ကြားသင်မှုဆိုင်ရာ အကြောင်းအရာနှင့် သင်ကြားမှူနည်းစနစ်များအား စိတ်ဝင်စား၍ ပြန်လည်လေ့လာသင်ပြလိုသူများအတွက် အထောက်အကူဖြစ်စေမည့် ကလေးပန်းချီနှင့် ပန်းချီလက်မှု ဆိုင်ရာ အနုပညာသင်ခန်းစာနှင့် နယ်ပယ်များအားပြန်လည်မျှဝေလေ့ကျင့်ပေးမည့် ယခု (Training Class - level 1) တွင် ပညာရေးစိတ်ပညာအရ နှင့် အနုပညာနယ်ပယ်အရ အပြည်ပြည်ဆိုင်ရာ ကလေးပန်းချီ အနုပညာဖန်တီးနိုင်စွမ်းနှင့် ဖန်တီးမှုစွမ်းရည်များကို ကလေးအသက်အရွယ် အလိုက် ပုံဖော်ဖို့အတွက် လေ့ကျင့်ပေးသူ၊ သင်ကြားပြသသူအနေဖြင့် သိရှိလေ့ကျင့်ထားသင့်သော ယခုလူကြီးသင်တန်းတွင်ပို့ချမည့် 


ကလေးပန်းချီ သင်ကြားနည်း လေ့ကျင့်သင်တန်း (Level 1) - Module အလိုက် သင်ခန်းစာအကျဉ်း

Module 1: ကလေးစိတ်ပညာနှင့် အနုပညာပညာရေး အခြေခံများ

  • Child Psychology for Art and Education: ကလေး၏ ဖွံ့ဖြိုးမှုအဆင့်လိုက် စိတ်ပညာကို နားလည်ခြင်းနှင့် ပန်းချီအနုပညာသင်ကြားရေးတွင် အသုံးချနည်း။

  • Children’s Art Education (Young Learners): ကလေးများအတွက် အနုပညာပညာရေး၏ ရည်ရွယ်ချက်နှင့် အရေးပါမှု။

  • Relationship Between Art and Education: ပန်းချီအနုပညာနှင့် ပညာရေးဆိုင်ရာ ဆက်စပ်မှုများကို လေ့လာခြင်း။

  • Difference Between Age and Creativity: အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုနှင့် ဖန်တီးနိုင်စွမ်းကွာခြားပုံများကို သိရှိနားလည်ခြင်း။

Module 2: သင်ကြားသူအတွက် အခြေခံအသိပညာနှင့် လိုအပ်ချက်များ

  • Essential Tools and Supplies in Children Art: ကလေးပန်းချီဆွဲရာတွင် အသုံးပြုသော ပစ္စည်းကိရိယာများနှင့် ၎င်းတို့၏ အသုံးဝင်ပုံ။

  • Essential Knowledge and Practice for Instructors: သင်ကြားမည့်သူတစ်ဦးတွင် ရှိထားသင့်သော အခြေခံအသိပညာနှင့် လက်တွေ့လေ့ကျင့်ခန်းများ။

  • The Attitude and Ethics of a Teacher: ဆရာတစ်ယောက်တွင် ရှိသင့်သော သဘောထား၊ စံနမူနာနှင့် ကျင့်ဝတ်များ။

  • The Attitude of Instructor: ကလေးများကို အောင်မြင်စွာ သင်ကြားနိုင်ရန် ထားရှိရမည့် စိတ်နေစိတ်ထား။

Module 3: ကလေးပန်းချီ သင်ကြားနည်း နည်းစနစ်များ

  • Teaching and Training Methods for Children Art: ကလေးများအား စိတ်ဝင်စားစေမည့် သင်ကြားရေး နည်းလမ်းအမျိုးမျိုး။

  • The 7 Elements of Art: အနုပညာ၏ အခြေခံအရိပ်အယောင် ၇ ခုနှင့် ၎င်းတို့ကို သင်ကြားနည်း။

  • Basic Drawing For Children Art (All topic): ကလေးများ အခြေခံမှစ၍ ရေးဆွဲနိုင်မည့် နည်းစနစ်များ။

  • Coloring For Children Art: ဆေးရောင်ခြယ်ခြင်း အတတ်ပညာ။

  • Color Theory for Instructors: သင်ကြားသူများအတွက် အရောင်သီအိုရီ အခြေခံများ။

Module 4: ဖန်တီးမှုနှင့် လက်တွေ့အသုံးချခြင်း

  • Shape of Art and Art Craftsmanship: အနုပညာသဏ္ဌာန်နှင့် လက်မှုပညာရပ်။

  • Creative Art & Craft: လက်မှုအနုပညာ ဖန်တီးမှုဆိုင်ရာ နည်းလမ်းများ။

  • Environmental Art for Children: ပတ်ဝန်းကျင်မှ ပစ္စည်းများဖြင့် အနုပညာဖန်တီးခြင်း။

  • Creativity and Activities in Children Art: ဖန်တီးမှုစွမ်းရည်နှင့် လှုပ်ရှားမှုများ ပေါင်းစပ်သင်ကြားနည်း။

Module 5: သင်ရိုးညွှန်းတမ်းနှင့် သင်ခန်းစာ ပြင်ဆင်ခြင်း

  • Preparing Curriculum: ကလေးအသက်အရွယ်နှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်း။

  • Preparing Lesson Plans: ထိရောက်သော သင်ခန်းစာ အစီအစဉ်များ ပြုလုပ်ခြင်း။

  • Preparing Art Classroom: ပန်းချီသင်ကြားရန် သင့်တော်သော ပတ်ဝန်းကျင် ဖန်တီးခြင်း။

ဤသင်တန်းသည် ဆရာ/ဆရာမများ၊ မိဘများနှင့် စိတ်ဝင်စားသူများအား ကလေးများ၏ ဖန်တီးမှုစွမ်းရည်ကို အသက်အရွယ်အလိုက် မှန်ကန်စွာ ပုံဖော်သင်ကြားနိုင်ရန် လိုအပ်သော အခြေခံအကြောင်းအရာများကို Module (၅) ခုခွဲ၍ စနစ်တကျ လေ့လာသင်ကြားပေးမည် ဖြစ်ပါသည်။


သင်တန်းတွင်း အသုံးပြုမည့် သင်ကြားမှု အဆင့်မြင့် Function & Interaction များ

သင်ယူသူနှင့် သင်ကြားပေးသူအတွက် အဆင်ပြေပြီး နားလည်ရလွယ်အောင် စီမံထားသော အစီအစဉ်များ 👇


🎨 1. Zoom Application Online Face-to-Face Class
သင်တန်းချိန်တိုင်း သင်ကြားပေးသူနှင့် သင်ယူသူတို့ အတူတူ မေးမြန်းဆွေးနွေးနိုင်မည်
မသိတာ/မနားလည်တာများကို ချက်ချင်း ဖြေဆိုနိုင်မည်။


💻 2. Learner's Dashboard (Online Access)
သင်ယူသူတိုင်းအတွက် ကိုယ်ပိုင် Learning Dashboard ရှိမည်
သင်ခန်းစာများ၊ လေ့ကျင့်ခန်းများ၊ Worksheets တိုင်းကို Online မှာ ကြည့်ရှုနိုင်ပြီး ဒေါင်းလုဒ် လုပ်နိုင်မည်
သင်ခန်းစာ Video Record Lessons များကို နောက်ပိုင်း ပြန်လည်ကြည့်နိုင်မည်
ကိုယ်တိုင်ဖန်တီးထားသော Projects များကို Online Gallery ထဲတွင် သိမ်းဆည်းပြသမည်
လေ့ကျင့်မှုများအား အဆင့်သတ်မှတ်ခြင်း၊ ရမှတ်ပေးခြင်း၊ Ranking System ဖြင့် စစ်ဆေးနိုင်မည်


👥 3. Progress Access for Learners
သင်ယူသူများအတွက် ကိုယ်ပိုင် account ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်မည်
သင်ယူမှု အဆင့်တိုင်းကို အချိန်နှင့်တပြေးညီ စစ်ဆေးနိုင်မည်
သင်ကြားပေးသူမှပေးသော Feedback, Grade & Progress Report များကို ကြည့်ရှုနိုင်မည်


📊 4. Progress Tracking & Certificate
သင်တန်းအပြီးတွင် သင်ယူမှု အဆင့်များ အပြီးသတ် Report ကိုရယူနိုင်မည်
သင်တန်းပြီးဆုံးသည့်အချိန် Certificate ကို Online မှာ Download လုပ်နိုင်မည်


🤖 5. AI + Assistance Features
မသိတာ/မနားလည်တာ မေးလာသည့်အခါ HK3ART Assistance AI Chat မှ
Google Custom Safe Search ဖြင့် လုံခြုံပြီး သင့်လျော်သော အကြောင်းအရာများကို ရှာဖွေပြီး
အကြောင်းအရာနဲ့ အချက်အလက် Link များကို ပြန်လည်ဖြေဆိုပေးမည်


📈 6.Daily Updated Dashboard မှ
နေ့စဉ် အဆင့်မြှင့်တင်နေသော သင်ခန်းစာများ၊ လေ့ကျင့်မှုများ
ရမှတ်နှင့် Ranking System များကို အလိုအလျောက် ဖော်ပြမည်


🔻 7.Personal Gallery & Downloadable Data
ကိုယ်တိုင်ဖန်တီးထားသမျှကို ပြန်ကြည့်နိုင်ပြီး ဒေါင်းလုဒ် ထားနိုင်မည်
သင်ကြားပေးသူမှ ကိုယ်တိုင် ဖန်တီးထားသော PDF၊ eBook များနှင့် Printable Templates များကိုလည်း ရယူနိုင်မည်


🌐 8. Online Art Learning Program (Website-Based)
မိမိအားလပ်ချိန်အလိုက် ဝင်ရောက်လေ့လာနိုင်သော Self-Paced Learning Program ဖြစ်ပါသည်။
စာတွေ့၊ သရုပ်ပြ ဗီဒီယိုသင်ခန်းစာများနှင့်အတူ အချိန်အကန့်သတ်မရှိ (၁ နှစ်အတွင်း) ဝင်ရောက်လေ့လာနိုင်မည်။
မသိတာ/မနားလည်တာများကို Discussion Chat, Form, Phone, Email မှတစ်ဆင့် ဆရာနှင့်တိုင်ပင်ဆွေးနွေးနိုင်မည်။

ဤစနစ်သည် သင်ယူသူအတွက် သေချာနားလည်ရလွယ်ပြီး၊ သင်ယူမှု အဆင့်တိုင်းကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်မည့် စနစ်တစ်ခု ဖြစ်ပါသည်။



သင်တန်းအချိန် နှင့် နေ့ရက်များ (ကြာချိန်)

စနေ - တနင်္ဂနွေ

ကြာသာပတေး - သောကြာ

တနင်္လာ - အင်္ဂါ

အပတ်စဉ် ( ည ၈ နာရီမှ ၉:၃၀ ထိ)

၁ ပတ် ၂ ရက် ( သင်တန်းကာလ ၂ လခွဲ - ၂၂ ချိန်)

သင်ကြားသင်ယူမှု အထောက်အကူပြု ပန်းချီပစ္စည်းများ

ပါဝင်သော ပစ္စည်းအမျိုးအစားများ

  • White card A4, B5 - 20pic

  • Pencil - 1pic

  • Ruler - 1pic

  • Eraser - 1pic

  • Marker Pen(Black) - 1pic

  • Color (Oil Pastel 12 pic) - 1pic 

  • Glue Stick - 1pic

ပစ္စည်းတန်ဖိုး - ၂၅၀၀၀ ကျပ်


HK3-Art မှ ပင်မှာယူ၍ သက်ဆိုင်ရာမြို့နယ်အလိုက် ပို့ဆောင်ပေးသလို

ကိုယ်တိုင် ဆိုင်တွင်သွားရောက်ဝယ်ယူချင်သူများအတွက် HK3-ART ၏ Personal Brand Partner ဖြစ်သော ကာကာကြီး ပန်းချီပစ္စည်းအရောင်းဆိုင်တွင်လည်း အောက်ပါ Link ကိုနှိပ်၍ Facebook Page Messenger မှဖြစ်စေဆက်သွယ်၍ ယုံကြည်စိတ်ချစွာဖြင့် မှာယူနိုင်ပါတယ်ခင်ဗျာ❤️


ပစ္စည်းများ ကိုယ်တိုင်ဝယ်ယူရန် Link👇

https://www.facebook.com/KarKarGyiArtAndDrawingMaterialSupply


Creative Course Book (သင်တန်းတွင်ရေးဆွဲမည့် Drawing Book) သည်ဆရာကိုယ်တိုင် သင်ရိုးရေးဆွဲထားသော ကလေးပန်းချီရေးဆွဲလေ့ကျင့်မှု အထောက်အကူပြုစာအုပ်ဖြစ်၍ ပြင်ပတွင် လုံးဝ(လုံးဝ) ဝယ်ယူ၍ မရရှိနိုင်ပါ။


မိမိ အိမ်တွင် တက်ရောက်မည့် သင်တန်းသား/သူ အတွက် ပြင်ဆင်ထားရန်မှာ

  • စက္ကူညှပ်ကပ်ကြေး

  • စာရွက်ခံရေးဆွဲရန်အတွက် Clipboard (သို့) Drawing Board


AI နှင့် သင်တန်းဒက်ရှ်ဘုဒ် မိဘအသုံးပြုရန်အတွက် Gmail Account (Personal Information, Password များမလိုအပ်ပါ)


သင်တန်းကြေး

၁ လ - ၅၀၀၀၀ ကျပ် ( ၂ လခွဲ - ၁၂၅၀၀၀ ကျပ် ၊ ပစ္စည်းဖိုးမပါ)


သင်တန်းကြေး နှင့်် ပစ္စည်းဖိုး ပေးသွင်းရန်နည်းလမ်းများ

  • Wave Money Pay

  • KBZ Pay

  • UAB Pay

  • CB Pay

  • AYA Pay

သင်တန်းကြေး အားလုံးအတွက် QR Code ကြည့်ရန်နှိပ်ပါ


သင်တန်းအပ်ရန်နှိပ်ပါ

bottom of page