
HK3-Art လိုဂိုနှင့် မူပိုင်ခွင့်ဆိုင်ရာ ကြေညာချက်
၁။ လိုဂိုဆိုင်ရာ မူပိုင်ခွင့်
HK3-ART (Always Try To Improve Your Skills) ၏ လိုဂိုအား မြန်မာနိုင်ငံ၏ ၂၀၁၉ ခုနှစ်၊ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေနှင့် အမှတ်တံဆိပ် ဥပဒေတို့အရ
Department of Intellectual Property(DIP) မူပိုင်ခွင့်ဦးစီးဌာန တွင် ၂၀၂၄ ခုနှစ်တွင်တရားဝင် မှတ်ပုံတင်ထားပြီးတစ်ဦးတည်းဉီးဆောင်းပိုင်ဆိုင်မှု (Intellectual Property) အဖြစ် မူပိုင်ခွင့်ဉပဒေအရ အပြည့်အဝ ကာကွယ်ခြင်း ခံထားရသော အရာတစ်ခု ဖြစ်ပါသည်။
တားမြစ်ချက်များ: HK3-Art ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ အောက်ပါတို့ကို ပြုလုပ်ခြင်း ခွင့်မပြုပါ -
- 
လိုဂိုကို မည်သည့်ပုံစံနှင့်မဆို အသုံးပြုခြင်း (သို့) ပြန်လည်တင်ဆက်ခြင်း။ 
- 
လိုဂိုအား ပြုပြင်မွမ်းမံခြင်း၊ ပုံစံပြောင်းလဲခြင်း (သို့) ဆိုးရွားစေခြင်း။ 
- 
လိုဂိုအား စီးပွားဖြစ် ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်း။ 
- 
လိုဂိုအား မည်သည့်နည်းလမ်းနှင့်မဆို ပြန်လည်ဖြန့်ဝေခြင်း။ 
၂။ အကြောင်းအရာများ အား မူပိုင်ခွင့်ဖြင့် ကာကွယ်ခြင်း
HK3-Art ၏ ဝဘ်ဆိုဒ်၊ အွန်လိုင်းသင်တန်းများ၊ ဒီဇိုင်းလက်ရာများ၊ ဗီဒီယိုများ၊ သင်တန်းသုံးဖိုင်များ၊ ဓာတ်ပုံများ အပါအဝင် ဖြန့်ချိသည့် အကြောင်းအရာ အားလုံးအား HK3-ART လိုဂိုအမှတ်တံဆိပ်ပါဝင်နေပါက ထိုအကြောင်းအရာသည် မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများနှင့် လိုဂို မူပိုင်ခွင့် စံချိန်စံညွှန်းများအရ အပြည့်အဝ ကာကွယ်ထားပါသည်။
ဥပဒေအရ အရေးယူမှု: ခွင့်ပြုချက်မရှိဘဲ ကူးယူခြင်း၊ ပြုပြင်မွမ်းမံခြင်း (သို့) စီးပွားဖြစ် အသုံးပြုခြင်းသည် မူပိုင်ခွင့် ချိုးဖောက်မှု ဖြစ်ပြီး အောက်ပါအတိုင်း ဥပဒေအရ အရေးယူခံရနိုင်ပါသည် -
- 
ဒဏ်ကြေးငွေ ချမှတ်ခြင်း။ 
- 
ထောင်ဒဏ် (၃) နှစ်အထိ ချမှတ်ခြင်း။ 
၃။ တရားဝင် အသုံးပြုခွင့် မူဝါဒ (Fair Use Policy)
HK3-Art ၏ လိုဂိုပါ အကြောင်းအရာများအား အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့်အညီသာ အသုံးပြုခွင့် ပြုပါသည် -
- 
စီးပွားဖြစ် မဟုတ်သော အသုံးပြုမှု: ကိုယ်ပိုင်လေ့လာရန် ရည်ရွယ်ချက်ဖြင့်သာ အသုံးပြုရမည်။ 
- 
ရင်းမြစ်ကို ရှင်းလင်းစွာ ညွှန်ပြခြင်း: အကြောင်းအရာ၏ မူရင်းရင်းမြစ် (HK3-Art) ကို ရှင်းလင်းစွာ ဦးစွာအကြောင်းကြား ဖော်ပြရမည်။ 
- 
မပြင်ဆင်ရန်: မူရင်း အကြောင်းအရာကို မည်သို့မျှ ပြုပြင်ပြောင်းလဲ၍ မရပါ။ 
၄။ မူပိုင်ခွင့် ချိုးဖောက်မှုများကို အစီရင်ခံတင်ပြရန်
မူပိုင်ခွင့် ချိုးဖောက်မှုတစ်စုံတစ်ရာကို သတိပြုမိပါက အောက်ပါအချက်အလက်များဖြင့် hello@hk3-art.com သို့ အကြောင်းကြားတင်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် -
- 
ချိုးဖောက်သည့် အကြောင်းအရာ: ချိုးဖောက်မှုနှင့်ပတ်သက်သော အကြောင်းအရာ၏ အမည် (သို့) ဖော်ပြချက်။ 
- 
သက်သေခံ အထောက်အထား: ချိုးဖောက်မှုကို သက်သေပြနိုင်သော ချိတ်ဆက်လိပ်စာ (URL)၊ ဓာတ်ပုံ (Screenshot) စသည်။ 
- 
ဆက်သွယ်ရန် အချက်အလက်: အစီရင်ခံသူ၏ အမည်နှင့် ဆက်သွယ်ရန် အီးမေးလ်လိပ်စာ (သို့) ဖုန်းနံပါတ်။ 
၅။ မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဆိုင်ရာ အချက်အလက်များ
- 
မူပိုင်ခွင့် သက်တမ်း: မူပိုင်ခွင့်ရှိသူ ၏ ဘဝသက်တမ်းတစ်လျှောက်နှင့် ကွယ်လွန်ပြီးနောက် နှစ် (၅၀) အထိ ကာကွယ်ပေးထားပါသည်။ 
- 
ပြစ်ဒဏ်များ: မူပိုင်ခွင့် ချိုးဖောက်မှုအတွက် ဒဏ်ငွေ၊ ထောင်ဒဏ် (သို့) လုပ်ငန်းလိုင်စင် ရပ်ဆိုင်းခြင်း (သို့) ရုပ်သိမ်းခြင်း အပါအဝင် ဥပဒေအရ အရေးယူခံရနိုင်ပါသည်။ 
HK3-Art ၏ လိုဂိုနှင့် အကြောင်းအရာ အားလုံးအား မြန်မာနိုင်ငံ သက်ဆိုင်ရာ အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေများအရ အပြည့်အဝ ကာကွယ်ထားကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်။
ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်:
အီးမေးလ်: hello@hk3-art.com
ကျေးဇူးအထူးတင်ပါသည်။
လေးစားလျှက်
HK3-ART
Online Art Classes and Programs For All Levels
 
  
