Preload Image
ခေတ္တစောင့်ပါ...
top of page

Fundamentals of Pencil Drawing: Art Starter Program

အသက် ၁၂ နှစ်မှ ၅၅+ အထိ အခမဲ့ Zoom အွန်လိုင်း ခဲပန်းချီသင်တန်း (ခဲပန်းချီ) Fundamentals of Pencil Drawing: Art Starter Program

"ခဲပန်းချီအခြေခံသင်တန်း - အနုပညာကို စတင်လေ့လာမယ့်သူများအတွက် အစီအစဉ်" 

အနုပညာဖန်တီးမှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ "အနုပညာ၏ အခြေခံအစိတ်အပိုင်း (၇) မျိုး" - မျဉ်း (Line), ပုံသဏ္ဌာန် (Shape), ထုထည် (Form), နေရာ (Space), အရောင် (Color), တန်ဖိုး (Value) နှင့် မျက်နှာပြင်သဘော (Texture) တို့ကို အခြေခံသော ဤသင်တန်းသည် ပန်းချီအနုပညာအား စတင်လေ့လာမည့်သူများအတွက် အခြေခံပန်းချီအနုပညာတန်ဖိုးများအား နားလည်သဘောပေါက်ကာ တန်ဖိုးထား လေ့ကျင့်စေရန်၊ သိရှိစေရန် အထူးဒီဇိုင်းဆွဲထားသော  သင်တန်းတစ်ခုဖြစ်ပါသည်။ ဤအခြေခံအယူအဆများကို နားလည်လာအောင် မိတ်ဆက်ပေးကာ စိတ်ဝင်စားဖွယ်ကောင်းပြီး မျှတသော ပန်းချီလက်ရာများကို စတင်ဖန်တီးနိုင်စေရန် ရည်ရွယ်ပါသည်။


သင်တန်း၏ ထူးခြားချက်များ:

  • စိတ်ဝင်စားစရာ Zoom ဖြင့် မျက်နှာခြင်းဆိုင်: တစ်ဆင့်ပြီးတစ်ဆင့် ရှင်းလင်းပြသထားသော သင်ခန်းစာများ နှင့်တိုက်ရိုက်ရေးဆွဲမှု၊ လေ့ကျင့်စစ်ဆေးမှုများ

  • လက်တွေ့လေ့ကျင့်ခန်းများ: လက်တွေ့လေ့ကျင့်ရန် လေ့ကျင့်ခန်းများနှင့် Template များ

သင်ယူရမည့် အရာများ:

  • ပန်းချီဆွဲရာတွင် အခြေခံကျသော Elements (၇) မျိုး (Line, Shape, Form, Color, Value, Texture, Space) ခဲအတွက်တော့ အဓိက ၆ ဖြတ်ရှိပြီး(Color ပိုင်းမှာက ခဲနဲ့မရတော့ အရောင်နဲ့သုံးမှာမို့)။

  • ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို လေ့လာဆန်းစစ်ကာ ခဲပန်းချီဖြင့် ဖော်ကျူးနည်း

  • မျဉ်းများ၊ အရိပ်များ၊ ဖွဲ့စည်းပုံများကို အသုံးချ၍ လက်ရာများ ဖန်တီးနည်း

  • Composition and Ratio

  • Art History

သင်တန်းတွင်း အသုံးပြုမည့် သင်ကြားမှု အဆင့်မြင့် Function & Interaction များ

သင်ယူသူနှင့် သင်ကြားပေးသူအတွက် အဆင်ပြေပြီး နားလည်ရလွယ်အောင် စီမံထားသော အစီအစဉ်များ 👇


1️⃣ သင်တန်းကြားကာလတွေအတွက် Web Base (ဝက်ဘ်စာမျက်နှာ) သို့မဟုတ် Application Base (မိုဘိုင်းအပ်အသုံးပြုမှု) ကနေ ဆက်လက် လေ့လာနိုင်မယ့် စနစ် (တစ်ခုခု) ရှိမယ်။
2️⃣ သင်ယူသူများအတွက် Dashboard (အချက်အလက်စင်တာ)
👉 သင်တန်းသား/သူတိုင်းမှာ ကိုယ်ပိုင် Dashboard (အခမဲ့သုံးနိုင်၊ စိတ်ကြိုက်ပြင်ဆင်နိုင်) ရှိမယ်။
Dashboard ထဲမှာ –
• မိမိအကောင့် Profile နှင့်အတူ သင်တန်းဆိုင်ရာ အချက်အလက်များ ဖော်ပြထားမယ်
• ဗီဒီယိုသင်ခန်းစာ အကြောင်းအရာ Record တွေ ရှိမယ်
• မိမိလိုအပ်တဲ့ ဖိုင် (ပရင့်ထုတ်လို့ရတဲ့), Worksheets (လေ့ကျင့်ခန်းစာရွက်များ), Template (နမူနာပုံစံ) တွေ ရှိမယ်
• မိမိရဲ့ လေ့ကျင့်ဆွဲထားတဲ့ ပုံတွေအတွက် Upload တင်လို့ရတဲ့ system (ကျွန်တော်ကြည့်ပြီး ပြောပေးမယ်), မိမိရဲ့ ရမှတ်, မိမိပိုင် Online Art Gallery (အွန်လိုင်းပန်းချီပြခန်း) ပါဝင်မယ်
• ရမှတ်အလိုက် Ranking System (အဆင့်သတ်မှတ်စနစ်) ပါဝင်လို့ မိမိရဲ့တိုးတက်မှုအဆင့်ကို သိရှိနိုင်မယ်။

3️⃣ သင်ယူသူများအတွက် တိုးတက်မှုကို ခြေရာကောက်နိုင်သော ဝန်ဆောင်မှု
👉 သင်တန်းသား/သူတိုင်းမှာ ကိုယ်ပိုင် account နဲ့ မိမိရဲ့ တိုးတက်မှုအခြေအနေကို စောင့်ကြည့်နိုင်မယ်။
• မိမိရဲ့ Data တွေကို မိမိ password နဲ့သိမ်းဆည်းထားပြီး လိုအပ်ရင် အချိန်မရွေး Download ချနိုင်မယ်
• မိမိရဲ့ အတန်းစာတွေနဲ့ Google calendar ကို ချိတ်ဆက်ထားတာမို့ သတိပေးချက်ကို ဖွင့်ထားရင် Meeting မစခင် ၁၅ မိနစ်အလိုမှာ အလိုအလျောက် သတိပေးအီးမေးလ် (notification) ရမယ်

4️⃣ AI + အကူအညီ ဝန်ဆောင်မှုများ
👉 သင်ယူသူတွေအတွက် အထောက်အကူဖြစ်စေမယ့် ဝန်ဆောင်မှုတွေ ပါဝင်တယ် –
• AI Assistance Chat – မေးချင်တဲ့အရာကို မိမိအတွက် အခမဲ့ပေးထားတဲ့ AI Assistance က ကျွန်တော့်ရဲ့ ကိုယ်ပိုင် Google Custom Search Engine နဲ့ပေါင်းပြီး အချက်အလက်တွေကို တိကျ၊ လုံခြုံစွာနဲ့ တိုက်ရိုက် အဖြေရှာပေးမယ် (ပုံတွေပါ ထုတ်ပေးနိုင်ပါတယ်) (Open AI - chatgpt 5 model အသုံးပြုထား)


ဤစနစ်သည် သင်ယူသူအတွက် မိမိအဆင်ပြေသည့်အချိန်တွင် လေ့လာနိုင်ရန် ဒီဇိုင်းဆွဲထားပြီး၊ သင်ယူမှု အဆင့်တိုင်းကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်မည့် Website-Based Learning Program တစ်ခု ဖြစ်ပါသည်။

သင်တန်းအချိန် နှင့် နေ့ရက်များ (အချိန်)
  • အပတ်စဉ် Wednesday ည ၈:၀၀ – ၉:၃၀ (တစ်ပတ် - ၁ ချိန်)

သင်တန်းကာလ၊ ကြာချိန်
  • Element တစ်ခုလျှင် ၁၀ ချိန် ( ၂ လခွဲ)

သင်ကြားသင်ယူမှုအတွက် မိမိဘက်မှပြင်ဆင်ထားရန် လိုအပ်သော ပန်းချီပစ္စည်းများ


၁။ Sketch book (သို့) Drawing Block (သို့) Drawing Pad - ၁ အုပ်

(အနည်းဆုံး 150gsm - 230 gsm ကြားရှိ Artist Grade စာအုပ်များ (A4 ဆိုဒ်)

 စာအုပ် နမူနာပုံစံများ ကြည့်ရန် နှိပ်ပါ


၂။ A4 စာရွက် - အရွက် ၅၀


၃။ ပုံဆွဲခဲတံများ (Grade - B, 2B, 4B, 5B, 8B - ၅ ချောင်း)

(2B တစ်ချောင်းတည်းဖြင့်ရေးဆွဲပါက သင့်အတွက် ရေးဆွဲချိန် ပိုကြာမြင့်နိုင်)

 ခဲတံ နမူနာပုံစံများ ကြည့်ရန် နှိပ်ပါ


၄။ ၁၂ လက်မ ပေတံတစ်ချောင်း


၅။ Clipboard (A4 ဆိုဒ် - တစ်ချပ်)

Clipboard နမူနာပုံစံ ကြည့်ရန် နှိပ်ပါ


၆။ ခဲဖျက် ၊ Tissue (မည်သည့် Brand မဆို)


ပစ္စည်းများ ကိုယ်တိုင်ဝယ်ယူရန်(သို့) အွန်လိုင်းမှ မှာယူရန် Link👇

ပစ္စည်းဝယ်ရန် နှိပ်ပါ


AI နှင့် သင်တန်းဒက်ရှ်ဘုဒ် အသုံးပြုရန်အတွက် Active Gmail Account (Personal Information, Password များမလိုအပ်ပါ။ မိမိ Device ထဲတွင် လက်ရှိ ရှိနေ၊ အသုံးပြုနေသော ကိုယ်ပိုင်ဖြစ်ရမည်။)




သင်တန်းကြေး - အခမဲ့ (Free)


ကော်ဖီ ဝယ်တိုက်ချင်သူများအတွက်(အထူးသီးသန့်)

(ပုံမှန် အခမဲ့ အခြေအနေ(အခမဲ့)ဖြင့် အတန်း join မည့်သူများသည် Fundamentals of Pencil Drawing: Art Starter Program အား Invite ရရှိမှာ(ဝင်ခွင့်ရရှိမှာမဟုတ်ဘဲ) ကော်ဖီဝယ်တိုက်သူများအတွက် ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ကော်ဖီဖိုးသည် မိမိစိတ်ဆန္ဒအတိုင်းသာ)

  • Wave Money Pay

  • KBZ Pay

  • UAB Pay

  • CB Pay

  • AYA Pay

Payment အားလုံးအတွက်(ကော်ဖီတိုက်ရန်) QR Code ကြည့်ရန်နှိပ်ပါ


သင်တန်းအပ်ရန်နှိပ်ပါ


bottom of page