

HK3-ART Team တွင်ပါဝင်ဆောင်ရွက်လိုသူများအတွက် အလုပ်လျှောက်လွှာလက်ခံခေါ်ယူခြင်း
HK3-ART မှာ ဖန်တီးမှုနဲ့ မြန်ဆန် တိကျသော လုပ်ငန်းစဉ်များကို ချောမွေ့အောင် ထောက်ပံ့နိုင်မယ့် အဖွဲ့ဝင်အသစ်များကို ရှာဖွေနေပါတယ်။
အခုအခါမှာ အောက်ဖော်ပြပါ အလုပ်အကိုင် နှစ်ခုအတွက် လျှောက်လွှာလက်ခံနေပါသည်။
မိမိ၏ စွမ်းရည်နှင့်အတွေ့အကြုံအတိုင်း သင့်တော်သည်ဟုထင်သော တစ်ခုကို ရွေးချယ်ပြီး ဖောင်အား ဖြည့်သွင်းပေးပါ။
🔸 အလုပ်အကိုင် ရွေးချယ်မှု -
-
Facebook Page Business Assistant and Support (1 Person/ Female)
2. Writer for Art Content on Website and Facebook Page ( 1 Person/Male or Female)
📌 မိမိနှင့် အဆင်ပြေစေမည့် အလုပ်အကိုင်တစ်ခုကိုဖြစ်စေ၊ နှစ်ခုလုံးဖြစ်စေ ရွေးချယ်၍ လျှောက်ထားနိုင်ပါသည်။
အောက်ပါ ခလုတ်များကို ရွေးချယ်၍ သက်ဆိုင်ရာအလုပ်များအား လျှောက်ထားနိုင်ပါသည်။
Page Management
Online
Writer for Art Content
Online
HK3-ART နှင့်အတူ ပူးပေါင််းဆောင်ရွက်ရင်း အခွင့်အလမ်းအသစ်များရယူရန်
အလုပ်အမည် – Facebook Page Business Management and Message Reply(Online)
———————————————————————————————————————————————
သင့်အတွက် ဘာကြောင့် စိတ်ဝင်စားစရာကောင်းတဲ့အလုပ်လဲ?
အနုပညာလောကနှင့်အနုပညာပညာရေးနယ်ပယ်ကို Digital ပတ်ဝန်းကျင်အတွင်းမှ ဖြန့်ဖြူးဖော်ဆောင်နေသော HK3-ART တွင် အွန်လိုင်းအခြေပြု ပံ့ပိုးမှုဆောင်ရွက်သူ အဖြစ် ပါဝင်လုပ်ကိုင်နိုင်မည့် အခွင့်အရေး တစ်ခုဖြစ်ပါသည်။
ဤအလုပ်သည် သင်၏ Online Communication, Business Information Management နှင့် Client Service စွမ်းရည်များ အတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံတစ်ခုဖြစ်စေနိုင်သည်။
ဤအလုပ်တွင်—
-
HK3-ART Facebook Page စာမျက်နှာမှ ၂ လတစ်ကြိမ် ခေါ်ယူနေသော အွန်လိုင်းအခြေပြု ပန်းချီသင်တန်းအားလုံးအတွက် သင်တန်းမှတ်ပုံတင် စာရင်းပေးသွင်းသူများ၏ အချက်အလက်များကို မှန်ကန်သေချာစွာ စာရင်းမှတ်သားရန်။
-
စာရင်းချုပ်ရေးသားမှုများနှင့် ပစ္စည်းအမှာစာ Order များကို စနစ်တကျ ဆောင်ရွက်ရန်။
-
Facebook Page မှ ရရှိလာမည့် ဝင်စာများ၊ မေးမြန်းမှုများကို အချိန်နှင့်တပြေးညီ ပြန်လည်ဖြေကြားရန်။
-
သင်တန်းသားအသုံးပြုသူများအား HK3-ART’s Platform နှင့်သက်ဆိုင်သောလမ်းညွှန်မှုများ ပြန်လည်ရှင်းလင်းဖြေကြားပေးနိုင်ရန်။
-
Customer Service ကောင်းမွန်မှန်ကန်စွာ ဖြေရှင်းနိုင်ရန်။
-
စာရင်းဇယား ရှင်းလင်းခြင်းများ တိကျစွာပြုလုပ်နိုင်ရန်။
သင်သည် တိကျမှု၊ တုံ့ပြန်မှု မြန်နှုန်းနှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတစ်ဦးဖြစ်ပါက—
ဤအခန်းကဏ္ဍသည် သင့်အတွက် အကောင်းဆုံးသောအတွေ့အကြုံတစ်ခု ဖြစ်လာနိုင်ပါသည်။
လျှောက်ထားသူဘက်မှ လိုအပ်သော အရည်အချင်းများ
✅ Facebook စာမျက်နှာစီမံခန့်ခွဲမှု အတွေ့အကြုံနည်းဆုံး (၃)လ ရှိသူ
✅ မြန်မာစာ (ရေး/ဖတ်/ပြော) ကျွမ်းကျင်ပြီး Professional Messaging များရေးသားနိုင်သူ
✅ Excel ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ(ဦးစားပေး)
✅ အင်္ဂလိပ်စာ အခြေခံဖတ်/ရေး/ပြော တတ်မြောက်သူ (HK3-ART Platform လုပ်ငန်းစဉ်အတွက် ပြန်လည်ရှင်းပြရန်)
✅ ဖောက်သည်ဆက်ဆံရေး (Customer Service) အတွေ့အကြုံရှိသူ(Online (သို့) ပြင်ပ)
✅ အသက်အရွယ်မရွေး ကြုံလာရမည့် အသုံးပြုသူဘက်မှ မေးမြန်းမှုများကို ယနေ့ခေတ်သုံး စကားလုံးများဖြင့် သေချာပြန်ဖြေတတ်သူ
✅ အချိန်မီတုံ့ပြန်နိုင်မှု မြန်ဆန်ပြီး စိတ်ရှည်သည့် ဝန်ဆောင်မှုစွမ်းရည်ရှိသူ
✅ အွန်လိုင်းငွေပေးချေမှု စနစ်များ (KBZPay, WavePay,UAB Pay, Bank စသည်) နှင့် ရင်းနှီးကျွမ်းဝင်သူ
✅ အသေးစိတ်အချက်အလက်များကို ဂရုစိုက်နိုင်သူ ဖြစ်၍ စာရင်းအချက်လက်များ မှားယွင်းမှု မဖြစ်အောင် သတိပြုမှတ်သား ချုပ်ဆိုတတ်သူ၊
✅ ပန်းချီအနုပညာ နယ်ပယ်အပေါ် စိတ်ဝင်စားမှုရှိသူ (HK3-ART ၏ ပန်းချီသင်တန်းများ၊ အသုံးအဆောင်များနှင့် ဆက်စပ်သော ဝန်ဆောင်မှုများနားလည်ရှင်းပြတတ်သူ၊ အတွေ့အကြုံ မရှိပါက ပြသလမ်းညွှန်ပေးမည်)
✅ Internet Access ကောင်းမွန် တည်ငြိမ်သော Connection ရရှိသူ၊ အလုပ်အချိန်အတွင်း (သို့) မီးပျက်သည့်အချိန်တိုင် အင်တာနက်ရရှိနိုင်သူ
✅ Social App , Web Browser များကျွမ်းကျင်စွာအသုံးပြုနိုင်သူ (Laptop ရှိပါက ဦးစားပေး)
✅ Google, Gmail, Facebook Inbox, Web တို့ကို အသုံးပြုခက်ခဲခြင်းမရှိသူ (Training ပေးမည်)
အကျင့်စရိုက်နှင့် ကိုယ်ကျင့်စာရိတ္တ
✅ Self-Learning & Problem-Solving စွမ်းရည်ရှိပြီး၊ ကိုယ့်တာဝန်ကို ကိုယ်တာဝန်ယူတက်သူ၊
✅ အချိန်တိကျ လေးစားလိုက်နာသူနှင့် ပွင့်လင်းစွာပြောဆို ဆက်ဆံတတ်သူ၊စိတ်ရှည်သည်းခံတတ်သူ၊
✅ သင်ယူလိုစိတ်နှင့် ဂုဏ်သိက္ခာအား ထိန်းသိန်းစောင့်ရှောက်တတ်သူ၊
✅ အလုပ်နှင့် Personal ကိစ္စများအား ရောထွေးခြင်းမရှိဘဲ အရှုပ်ရှင်းကင်း ဆောင်ရွက်တတ်သူ၊
✅ HK3-ART နှင့်အတူ ပူးပေါင်းဆောင်ရွက်တတ်သူ နှင့် အပြန်အလှန်လေးစားမှုရှိသူ၊
✅ လုပ်ငန်းသဘောအရ ၆ လစာချုပ်ချုပ်ဆိုနိုင်သူ ဦးစားပေးပါမည်။
လုပ်ငန်းဆိုင်ရာအချက်အလက်များ
🧰 အလုပ်အမျိုးအစား –အွန်လိုင်း/ Part-time (Remote/Work from Home)
🏠 အလုပ်နေရာ – မည်သည့်မြို့/တိုင်း/နိုင်ငံမှမဆို အွန်လိုင်းမှ အလုပ်လုပ်နိုင်သည်။
⏱️ အလုပ်ချိန် – တစ်နေ့လျှင် နံနက် ၉ နာရီမှ ည ၈ နာရီ(အချိန်ပြည့်မဟုတ်ဘဲ Facebook Page မှဝင်စာနှင့် ၊ စာရင်းမှတ်တမ်းမှတ်သားခြင်း ဖြေကြားခြင်း လိုအပ်သည့်အခါမှသာ နောက်ကျခြင်းမျိုးမရှိဘဲ ပြန်လည်ဖြေဆိုရန် နှင့် တိကျစွာမှတ်သားရန်။
🗓️ အစမ်းခန့်ကာလ - ၁ လ
💵 လစာ – လစဉ် ၂၀၀,၀၀၀ ကျပ် (လကုန်ပြီး ၃ ရက်နေ့၊ အကြောင်းပြချက်။ စာရင်းချုပ်ဆိုရန်လိုအပ်ခြင်းကြောင့်)
(အတွေ့အကြုံနှင့် တာဝန်ယူမှုပမာဏပေါ် မူတည်၍ လစာအားတိုးမြှင့်ညှိနှိုင်းနိုင်)
အကျိုးခံစားခွင့်များ
🎨 HK3-ART ၏ အွန်လိုင်းပန်းချီသင်တန်းများအား အခမဲ့တက်ရောက်ခွင့်
🧰 HK3-ART Web Platform အတွက် တိုက်ရိုက် Business Manager Role ခန့်ထည့်မှု နှင့်အတူလုပ်ငန်းစီမံမှု
💵 လုပ်ငန်းကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ကောင်းမွန်ရိုးသားလျှင် လစာတိုးချီးမြှင့်ခြင်း အကျိုးခံစားခွင့်
🎨 HK3-ART သင်ယူလေ့လာနေသော International Course(Payment) များတွင် အခမဲ့ လေ့လာခွင့်
အောက်ဖောင်ကို ပြည့်စုံစွာဖြည့်သွင်းပြီး သင့်လျှောက်လွှာတင်သွင်းပါ။
ကျွန်ုပ်ဘက်မှ လျှောက်ထားသူများအား ရွေးချယ်ပြီး ဆက်သွယ်ပေးမည်ဖြစ်ပါသည်။
HK3-ART နှင့်အတူ ပူးပေါင််းဆောင်ရွက်ရင်း အခွင့်အလမ်းအသစ်များရယူရန်
အလုပ်အမည် – Writer For Art Content (Social Content Creation and Web Blog)
————————————————————————————————————————————
သင့်အတွက် ဘာကြောင့် စိတ်ဝင်စားစရာကောင်းတဲ့အလုပ်လဲ?
HK3-ART သည် ပန်းချီအနုပညာနှင့် အနုပညာပညာရေးကို Digital ပတ်ဝန်းကျင်အတွင်းမှ ဖန်တီးဖော်ပြသည့် အွန်လိုင်းပလက်ဖောင်းတစ်ခုဖြစ်သည်။ ဤအလုပ်သည် ပန်းချီအနုပညာအကြောင်းအရာများကို ရေးသားဖန်တီးရန်နှင့် Social Media Content Creation နှင့် Website Blog များအတွက် ထိထိရောက်ရောက် ဆောင်းပါး၊ ဗဟုသုတ နှင့် သင်ခန်းစာများအား ရေးသားဆောင်ရွက်ရန် စိတ်အားထက်သန်သူများအတွက် အရေးကြီးသော အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။
သင့်တွင် အွန်လိုင်းစာပေရေးသားဖန်တီးမှု (Online Content Creation) နှင့် ပန်းချီ ပညာပေးဆောင်းပါးရေးခြင်းတို့အပေါ် စိတ်ဝင်စားမှုရှိပြီး၊ Social Media နှင့် Web Blog စနစ်များအတွက် ပိုမိုအဓိပ္ပာယ်ရှိသောအကြောင်းရာများ ဖန်တီးလိုသူတစ်ဦးဖြစ်ပါက—
ဤအလုပ်သည် သင်၏ Creativity၊ Communication နှင့် Digital Writing Skill တို့ကို တိုးတက်စေပြီး HK3-ART ၏ အနုပညာလမ်းစဉ်အတွင်း တာဝန်ယူပြီး လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။
ဤအလုပ်တွင် သင်လုပ်ကိုင်ရမည့်တာဝန်များမှာ—
-
HK3-ART ၏ Facebook Page နှင့် Website Blog များအတွက် ပန်းချီအနုပညာပညာရေးဆိုင်ရာ စိတ်ဝင်စားဖွယ် ကောင်းမွန်သော Social Content များရေးသားဖန်တီးခြင်း
-
သင်တန်းသစ်များ၊ သင်ကြားမှုနည်းစနစ်များနှင့် ပန်းချီအနုပညာ သင်ကြား/သင်ယူလို သူများအတွက် အထောက်အကူဖြစ်စေသော ဆောင်းပါးများ၊လမ်းညွှန်ချက်များ ရေးသားခြင်း
-
Viewer နှင့် Audience များ၏စိတ်ဝင်စားမှုကို ဖမ်းစားနိုင်သော ထိရောက်သော caption များ၊ post အကြောင်းအရာများ၊ blog headline များ ဖန်တီးရေးသားခြင်း
-
HK3-ART ၏ Course, Event, Gallery စသည့် Internal Activities များအပေါ် အကြောင်းအရာဖော်ပြခြင်း
-
Content Calendar ကိုလိုက်နာပြီး တိကျသောအချိန်တွင် ပေးအပ်မှုများ ပြီးစီးအောင်ဆောင်ရွက်ခြင်း
-
အသုံးပြုသူများ၏ အကြံပြုချက်များနှင့် ဖတ်ရှုသူအမြင်များကို ထည့်သွင်းပြီး Content များတိုးတက်အောင်ပြင်ဆင်ရေးသားခြင်း
သင့်အတွက် သင့်လျော်မှုရှိလျှင်—
-
စာပေဖန်တီးရေးသားခြင်းအတွေ့အကြုံရှိသူ
-
အနုပညာ၊ ပညာရေးနှင့် ဖျော်ဖြေရေး အကြောင်းအရာများအပေါ် စိတ်ဝင်စားသူ
-
Digital Writing Tools/AI Writing Tools များကိုအသုံးပြုတတ်ပြီး မြန်မြန်ဆန်ဆန် ရေးသားတင်ပြနိုင်သူ
-
ဖတ်ရှုသူ၏စိတ်ကိုဖမ်းစားနိုင်သော ဖန်တီးမှုစဉ်းစားနိုင်စွမ်းရှိသူ
ဒီအခန်းကဏ္ဍသည် သင့်၏စာရေးစွမ်းရည်ကို တိုးတက်စေပြီး တဖန်အနုပညာပညာရေးလောကသို့ Digital Art Platform တစ်ခုမှတဆင့် ဝင်ရောက်ပါဝင်နိုင်မည့် လှုံ့ဆော်မှုဖြစ်လာစေနိုင်ပါသည်။
လျှောက်ထားသူဘက်မှ လိုအပ်သော အရည်အချင်းများ
✅ ပန်းချီအနုပညာနှင့် ပတ်သက်သော Content များရေးသားမှုအတွေ့အကြုံ (ရေးသားထားသော အကြောင်းအရာ နမူနာ ၃ ခုတင်ပြနိုင်ရ)
✅ ဝါသနာအရင်းခံ၍ ပန်းချီရေးဆွဲနေသူ (သို့) ပြန်လည်သင်ကြားပေးသောသူ (ဦးစားပေး)
✅ မြန်မာစာ (ရေး/ဖတ်/ပြော) ကျွမ်းကျင်ပြီး အသုံးနှုန်း ဝေါဟာရကြွယ်ဝသော စိတ်ဝင်စားဖွယ်ကောင်းသော ဆောင်းပါး၊ ပန်းချီအနုပညာအကြောင်း များရေးသားနိုင်သူ
✅ Blog Post များ၊ Social Media Caption များကို စနစ်တကျ ဖန်တီးနိုင်သူ
✅ Google Docs (သို့) Google Slide, Documents များအသုံးပြုနိုင်သူ (ဦးစားပေး)
✅ အင်္ဂလိပ်စာအခြေခံ (ဖတ်/ရေး) တတ်မြောက်ပြီး၊ အကြောင်းအရာများကို ဘာသာပြန်ရေးသားဖန်တီးနိုင်သူဖြစ်ရမည်
✅ Internet Connection ကောင်းမွန်ပြီး၊ လုပ်ငန်းချိန်အတွင်း တုံ့ပြန်မှုမြန်မြန်နှင့် တိကျစွာဆောင်ရွက်နိုင်သူ
✅ Social Media App များ (Facebook Page, Youtube, Instagram, TikTok, Pinterest), Web Browser, Google တို့ကို
ကျွမ်းကျင်စွာအသုံးပြု Post တင်နိုင်သူဖြစ်ရမည်
✅ Trend & Popular, Hashtag, Meta Descriptions, Social Media Usage များအကြောင်း ကောင်းစွာနားလည်ပြီး ခေတ်နှင့်အညီအမှီလိုက်နိုင်သူဖြစ်ရမည်
✅ Research နှင့် လေ့လာနိုင်မှုအားကောင်းပြီး မိမိအတွေး၊ အမြင်ပေါင်းစပ်ဖန်တီးရေးသားနိုင်သူ
✅ Laptop (သို့) Desktop နှင့် စဉ်ဆက်မပြတ် အင်တာနက်ရရှိသူ (ဦးစားပေး)
✅ ပန်းချီအနုပညာ၊ ဖန်တီးမှုအကြောင်းအရာများအပေါ် စိတ်ဝင်စားမှုရှိသူ (HK3-ART ၏ သင်တန်းများနှင့် ဝန်ဆောင်မှုများ၊ Function များကို ရေးသားဖော်ပြနိုင်သူ)
✅ Copyright/ Policy များအား နားလည်ပြီးလိုက်နာဆောင်ရွက်တတ်သူ
✅ မျက်မှောက်ခေတ်၏ AI App, Website များနှင့် Image Generate ပြုလုပ်ဖန်တီးနိုင်စွမ်းရှိသူ
လိုအပ်သော အကျင့်စရိုက်များ
✅ ကိုယ့်တာဝန်ကို ကိုယ်သိသိသာသာ ထမ်းဆောင်တတ်သူနှင့် Self-Learning & Problem-Solving စွမ်းရည်ရှိသူ
✅ အချိန်ကို တိတိကျကျလိုက်နာတတ်သူ၊ ဆက်ဆံရေးကောင်းမွန်ပြီး ရိုးသားပွင့်လင်းစွာ ဆောင်ရွက်တတ်သူ
✅ သင်ယူလိုစိတ်ရှိပြီး ကိုယ်ပိုင်ကျင့်ဝတ်နှင့် အလုပ်အပေါ် ဂုဏ်သိက္ခာရှိစွာဆောင်ရွက်တတ်သူ
✅ အဖွဲ့လိုက်လုပ်ဆောင်နိုင်ပြီး HK3-ART ၏ Vision နှင့် Value များအပေါ် လေးစားမှုရှိသူ
✅ လုပ်ငန်းသဘောတူစာချုပ် (အနည်းဆုံး ၆ လ) ချုပ်ဆိုနိုင်သူကို ဦးစားပေးခံမည်
လုပ်ငန်းအချက်အလက်များ
🧰 အလုပ်အမျိုးအစား –အွန်လိုင်း/ Part-time (Remote/Work from Home)
—————————————————————
🏠 အလုပ်နေရာ – မည်သည့်မြို့/တိုင်း/နိုင်ငံမှမဆို အွန်လိုင်းမှ အလုပ်လုပ်နိုင်သည်။
—————————————————————
⏱️ Content ရေးသားခြင်း – တစ်လလျှင် Art Content(Facebook, Articles, Blog, Knowledge Sharing, Guiide) အစရှိသော(ရေးသားနည်းစနစ် မသိရှိပါက လမ်းညွှန်ပြသပေးပြီး) ပျမ်းမျှ ရေးသားခြင်းပုံစံဖြင့် (၈ ပုဒ်) ရေးသားပြီး မိမိကိုယ်တိုင်ရှာဖွေ ရေးသားခြင်းနှင့် ရံဖန်ရန်ခါ ရေးသားစေလိုသည့် အကြောင်းအရာအား ခေါင်းစဉ်နှင့် ပါဝင်ရမည်များကို ပေး၍ရေးသားစေပါမည်။
——————————-
🗓️ အစမ်းခန့်ကာလ - Content 5 ပုဒ်ပြီးသည်ထိ
———————————
💵 လစာ – လစဉ် ၂၀၀,၀၀၀ ကျပ်
(အတွေ့အကြုံနှင့် အရေးအသား၊ ရေးသားနိုင်သည့် အရေအတွက်ဖန်တီးမှုပမာဏပေါ် မူတည်၍ လစာအားတိုးမြှင့်ညှိနှိုင်းနိုင်)
———————————
အကျိုးခံစားခွင့်များ
🎨 HK3-ART ၏ အွန်လိုင်းပန်းချီသင်တန်းများအား အခမဲ့တက်ရောက်ခွင့်
🧰 HK3-ART Web Platform အတွက် တိုက်ရိုက် Content Writer Role ခန့်ထည့်မှု
💵 လုပ်ငန်းကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ကောင်းမွန်ရိုးသားလျှင် လစာတိုးချီးမြှင့်ခြင်း အကျိုးခံစားခွင့်
🎨 HK3-ART သင်ယူလေ့လာနေသော International Course(Payment) များတွင် အခမဲ့ လေ့လာခွင့်