top of page

HK3-ART

Online Art Classes and Programs For All Levels

HK3-ART

ကျွန်တော့်ရဲ့ အနုပညာခရီးစဉ်

ကျွန်တော့်ရဲ့ အနုပညာခရီးဟာ ငယ်ရွယ်စဉ်ကတည်းက ပန်းချီဆွဲခြင်း၊ ပုံဖော်ခြင်းအပေါ် စိတ်အားထက်သန်မှုကနေ အစပြုခဲ့တာပါ။ နှစ်ပေါင်းများစွာ ကြိုးစားလေ့လာရင်း၊ နည်းစနစ်ပေါင်းစုံနဲ့ အနုပညာသမိုင်းကြောင်းတွေကို လေ့လာပြီး ကိုယ့်ရဲ့ကျွမ်းကျင်မှုကို မွေးမြူခဲ့ပါတယ်။ ဒါပေမယ့် ပန်းချီဆွဲခြင်းဟာ ကိုယ်ပိုင်ဖန်တီးမှုတစ်ခုတည်းအတွက်သာမကပါဘူး။ ဒီအတတ်ပညာကို အခြားသူတွေနဲ့မျှဝေခြင်း၊ သိပြီးသားအသိပညာတွေကို သင်ကြားပေးခြင်းကနေတစ်ဆင့် သူတို့ရဲ့ ဖန်တီးမှုစွမ်းအားတွေကို ရှာဖွေဖော်ထုတ်နိုင်အောင် ကူညီပေးခြင်းကလည်း အရေးကြီးပါတယ်။ ဒီလိုအတွေ့အကြုံတွေကပဲ HK3-Art ကို တည်ထောင်ဖို့ လမ်းခင်းပေးခဲ့ပြီး အနုပညာကို သင်ကြားခြင်း၊ စိတ်ဓာတ်မြှင့်တင်ခြင်းနဲ့ အသိပညာဖလှယ်ခြင်းတို့ကို ပေါင်းစပ်ပေးမယ့် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ စေ့ဆော်ပေးခဲ့ပါတယ်။

HK3-ART သည် ပန်းချီအနုပညာသင်တန်းများ၊ အွန်လိုင်းသင်ကြားမှုများနှင့် အနုပညာဖန်တီးမှုလုပ်ငန်းများ ကို တစ်နေရာတည်းမှာ စုပေါင်းထားသည့် အနုပညာပိုင်းဆိုင်ရာ ပလက်ဖောင်းဖြစ်သည်။ ပန်းချီအနုပညာ၏ အခြေခံမှ တက်ကြွတိုးတက်မှုအဆင့်များအထိ သင်ယူနိုင်ရန် ရည်ရွယ်ထားပြီး၊ ကလေးများ၊ လူငယ်များနှင့် အရည်အချင်းမြင့်ကျောင်းသားများအတွက် အဆင့်လိုက်သင်တန်းများကို တိကျစွာ ဖန်တီးပေးထားသည်။

About the Founder – Hein Ko Ko Kyaw(HK3-ART)

အနုပညာအကျွမ်းတဝင် အတွေ့အကြုံ

ဘ်ဆိုဒ်တိုင်းမှာ ပြောပြစရာ ဇာတ်လမ်းကောင်းတစ်ပုဒ်ရှိပါတယ်။ ဒီနေရာမှာတော့ HK3-Art ကို စတင်မွေးဖွားခဲ့ရတဲ့ ကျွန်တော့်ရဲ့ဇာတ်လမ်းလေးကို မျှဝေချင်ပါတယ်။ ဒီဆိုဒ်ဟာ အနုပညာဖန်တီးမှုတွေကို အရှိန်အဟုန်မြှင့်တင်ပေးဖို့၊ စိတ်ကူးတွေအား ဘောင်မဲ့ လွတ်လပ်စွာ ခွင့်ပြုမယ့် နေရာတစ်ခုကို ဖန်တီးပေးဖို့ဆိုတဲ့ အိပ်မက်ကနေ စတင်ခဲ့တာပါ။ အနုပညာဟာ လူတွေကို ဆက်သွယ်ပေးနိုင်၊ ခံစားချက်တွေကို ဖော်ပြနိုင်၊ ပြောင်းလဲမှုကိုပါ လှုံ့ဆော်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်က HK3-Art ရဲ့ အခြေခံအုတ်မြစ်ဖြစ်ခဲ့ပါတယ်။

Hein Ko Ko Kyaw သည် HK3-ART ၏ တည်ထောင်သူနှင့် တစ်ဦးတည်းဆောင်ရွက်သူ ပန်းချီအနုပညာဆရာတစ်ဦး ဖြစ်ပါသည်။ အနုပညာအတွက် ခွန်အားစွမ်းအားနှင့် စိတ်အားထက်သန်မှုကို အစဉ်မပြတ် လေ့လာဆည်းပူးခဲ့ပြီး၊ အခြေခံမှ အဆင့်မြင့်အထိ ပန်းချီအနုပညာကို သင်ကြားပေးနိုင်သော နိုင်ငံတကာအဆင့်မီ အတွေ့အကြုံများ ကို ပေါင်းစပ်ထားသူဖြစ်သည်။

အနုပညာဆရာအဖြစ်

2020 ခုနှစ်မှစတင်သင်ကြားပို့ချခဲ့ပြီး

  • ကလေးများအတွက် Art & Craft Classes

  • လူငယ်နှင့် အဆင့်မြင့်သင်ယူသူများအတွက် Fundamental to Advanced Drawing Courses

  • အွန်လိုင်း Zoom သင်တန်းများနှင့် Website Courses

  • Art Community တည်ဆောက်မှုဖြင့် သင်ယူသူများအနက် အနုပညာမျှဝေခြင်း၊ ဆွေးနွေးခြင်းအခွင့်အလမ်းဖန်တီးပေးနေသူ

  • သင်ကြားရေး အဆင့်မြှင်တင်သူ ဆရာ/ဆရာမများအတွက် လေ့ကျင့်သင်ကြားပေးမှု

Experience

Professional Journey

Solo Pencil Artist

ပန်းချီအနုပညာလောကထဲကို ခဲပန်းချီ (Pencil Drawing) နှင့် ၂၀၁၆-၁၇ တွင် စတင်ဝင်ရောက်ခဲ့ပြီး၊ ကိုယ်ပိုင်စတိုင်နှင့် တိကျမှုရှိသော အနုပညာခဲပန်းချီလက်ရာများ ဖန်တီးခဲ့သည်။ ဒီကာလအတွင်း လက်ရာအသီးသီး ဖန်တီးရေးဆွဲခြင်း များမှတဆင့် အနုပညာလောကအတွင်း စတင်၍ အခြေပြုခဲ့သည်။

Content Writer

အနုပညာနှင့် သင်ကြားရေးအတွေ့အကြုံများကို အရေးအသားနည်းဖြင့် ပုံဖော်နိုင်သူ အဖြစ် လက်ရှိ Art Program သင်တန်းအကြောင်းအရာများ၊ သင်ခန်းစာများ၊ လေ့ကျင့်နည်းလမ်းများ ကို စာသားဖြင့် ဖော်ပြ၍ သင်ယူသူများအတွက် အလွယ်တကူ နားလည်နိုင်သော အကြောင်းအရာများကို ပန်းချီအနုပညာပရိုဂရမ်အစီအစဉ်နှင့်အတူ မျှဝေနေသည်။

Art Content Creator

ဗီဒီယိုသင်ခန်းစာများပြုလုပ်ဖန်တီးခြင်း Video Editing, Photoshop, Design များတစ်ဆက်တည်း ဖန်တီးပြီး အနုပညာသင်တန်းများတွင် တိုက်ရိုက်အသုံးချနိုင်သည့် Resource များကိုဖန်တီးပြီး အခမဲ့ မျှဝေခြင်းနှင့် သင်ကြားရေးအစီအစဉ်များတွင် လက်တွေ့အသုံးချနိုင်အောင် ဖန်တီးပေးနိုင်သည်။

Book Publisher

Web Developer

ပန်းချီသင်ကြားရေးအတွက် ကိုယ်ပိုင်စာအုပ်များ၊ PDF Files, Presentation Slide(Worksheets, Art Training Books) ကို ကိုယ်တိုင်ရေးသား ထုတ်ဝေဖော်ဆောင်ခဲ့သည်။ သင်ယူသူများအတွက် အခက်အခဲမရှိ လေ့ကျင့်သင်ယူနိုင်မည့် စာအုပ်များ တစ်ဦးတည်းအဖြစ် တိကျစွာ ပြုလုပ်ခဲ့သည်။

HK3-ART Online Platform ကို တစ်ဦးတည်းအချိန် ၁ နှစ်ခွဲကြာမြင့်ကာ Develop+Design+Coding များဖြင့် တည်ဆောက်ကာ အနုပညာသင်ယူသူများအတွက် အွန်လိုင်းသင်ခန်းစာများ၊ သင်ရိုးအစီအစဉ်များ၊ အနုပညာလေ့ကျင့်ခန်းများ ကို တိုက်ရိုက်ရယူနိုင်မည့် Art + Technology ပေါင်းစပ်သည့် Website ကို ဖန်တီးခဲ့သည်။

Tech Solutions

အနုပညာနှင့် နည်းပညာကို ပိုမိုသက်ဆိုင်စေဖို့ Zoom Student Dashboard, Member Dashboard, Digital Art Solutionsစသည့် အမြဲတမ်း အချိန်နှင့်အမျှပြောင်းလဒဖော်ပြသည့် အဆင့်မြင့် Tech Tools များကို သင်တန်းစနစ်ထဲတွင် တီထွင်ထည့်သွင်းခဲ့သည်။ သင်ယူသူတိုင်း အဆင်ပြေစွာ သင်ယူနိုင်သည့် နည်းပညာဆိုင်ရာ ဖြေရှင်းချက်များ ကို ဆောင်ရွက်ပေးခဲ့သည်။

Education

Art Education Background

Diploma in Teacher Education (2016)

Government Teacher (2016-21)

B.A English (2019)

Art Education for Young Learners, Singapore (Certified in 2020)

Creative Art Teaching for Kids,

Vietnam (Certified in 2020)

Pencil Drawing for Beginners,

Japan (Certified in 2022)

Fundamentals of Pencil Art,

France (Certified in 2022)

Pencil Drawing: Anatomy of the Head,

US (Certified in 2023)

Untitled design.png

Feature Artwork

ဤနေရာသည် ကျွန်ုပ်၏ အနုပညာခရီးစဉ်အတွင်း ဖြတ်သန်းရှင်သန်ခဲ့သော စိတ်ကူးစိတ်သန်းများ၊ စူးစမ်းရှာဖွေမှုများနှင့် အောင်မြင်မှုများကို မှတ်တမ်းတင်ထားသည့် ပြခန်းတစ်ခုဖြစ်ပါသည်။ လက်ရာတစ်ခုစီ၏ နောက်ကွယ်ရှိ ဇာတ်လမ်းကို ဝေမျှလိုက်ပါသည်။

HK3-Art’s Pencil Artwork
HK3-Art’s Pencil Artwork
HK3-Art’s Pencil Artwork
HK3-Art’s Pencil Artwork
HK3-Art’s Pencil Artwork
HK3-Art’s Pencil Artwork
Untitled design.zip - 8.jpeg
The Scheme

The Scheme

7” x 10” Pencil Artwork (2017)

Burmese Puppet

Burmese Puppet

10” x 15” Pencil Artwork (2018)

Daung

Daung

10” x 15” Pencil Artwork (2018)

Bird In Sky

Bird In Sky

7” x 10” Pencil Artwork (2019)

Buddha

Buddha

7” x 10” Pencil Artwork (2019)

The Wet Face

The Wet Face

10” x 15” Pencil Artwork (2019)

Kayan Lady

Kayan Lady

15” x 21” Pencil Artwork (2020)

Commission

Commission

15” x 21” Pencil Artwork (2020)

Commission Family Portrait

Commission Family Portrait

15” x 21” Pencil Artwork (2021)

Bubble Face

Bubble Face

15” x 21” Pencil Artwork (2022) Continue

Flowers in Art

Flowers in Art

7” x 10” Color Ball-pen Sketch Artwork (2022)

The Lady

The Lady

15” x 21” Pencil Artwork (2022)

Realistic Face

Realistic Face

21” x 30” Pencil Artwork (2022)

Hyper Realistic

Hyper Realistic

21” x 30” Pencil Artwork (2022) Continue

Tutorial

Tutorial

7” x 10” Pencil Sketch Artwork (2023)

Tutorial

Tutorial

10” x 15” Pencil Sketch Artwork (2023)

Bagan

Bagan

8” x 12” Color Ball-pen Scribble Artwork (2023)

Still-Life

Still-Life

8” x 12” Color Ball-pen Circling Artwork (2023)

Flowers in Street

Flowers in Street

8” x 12” Oil Soft Pastel Artwork (2023)

Tutorial

Tutorial

7” x 10” Perspective Pencil Sketch Artwork (2023)

Tutorial

Tutorial

7” x 10” Perspective Pencil Sketch Artwork (2023)

One Piece

One Piece

15” x 21” Charcoal Knife Craft Artwork (2023)

Dancing With Monochrome

Dancing With Monochrome

Digital Brush Stoke Artwork (2023)

Tutorial

Tutorial

7” x 10” Fine Pencil Sketch Artwork (2023)

Oppenheimer

Oppenheimer

Digital Artwork (2023)

The Starry Night in Fingerprint

The Starry Night in Fingerprint

2” x 1” Fine Pencil Artwork (2023)

HK3-Art Logo

HK3-Art Logo

Digital Artwork (Low Saturation and Chroma)

HK3-Art ရဲ့ ရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များ

HK3-Art ဟာ ဝဘ်ဆိုဒ်တစ်ခုထက်ပိုပါတယ်။ ဒါဟာ အနုပညာချစ်သူတွေရဲ့ အသိုက်အဝန်းတစ်ခု၊ ပညာရေးစင်တာတစ်ခု၊ သင့်ရဲ့အနုပညာလက်ရာတွေကို ပြသရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီမှာဆိုရင် အခြေခံမှစ၍ အဆင့်မြင့်အထိ သင်ကြားပေးသော အွန်လိုင်းသင်တန်းများ ကို တွေ့ရမှာဖြစ်ပြီး၊ HK3-Art က သင့်ရဲ့ဖန်တီးမှုခရီးစဉ်အတွက် လမ်းပြပေးရန် အဆင်သင့်ရှိနေပါတယ်။

ပညာရေးအပြင်၊ HK3-Art သည် သင့်ရဲ့ပန်းချီကားများကို ပြသပြီး ရောင်းချနိုင်သည့် ပလက်ဖောင်းတစ်ခုလည်းဖြစ်ပါတယ်။ အနုပညာရှင်များအား ဂုဏ်ယူစွာ ပြသပေးရန် နေရာချထားပေးထားပြီး၊ မျက်မှောက်ခေတ် အနုပညာလောကအတွင်း ထင်ရှားကျော်ကြားလာစေရန် ရည်ရွယ်ပါတယ်။

အနုပညာချစ်မြတ်နိုးသူအားလုံး အတွက် နေရာ

HK3-Art ဟာ အနုပညာရှင်တစ်ဦးချင်းစီရဲ့ ပင်ကိုယ်စရိုက်နဲ့ ထူးခြားမှုကို မည်သည့်အခါမှ မဖုံးကွယ်ဘဲ၊ ဖန်တီးမှုလုပ်ငန်းစဉ်အတွင်း ပါဝင်သူတိုင်းအတွက် ပြည့်ဝစွာ ပါဝင်ခွင့်ရစေမယ့် နေရာတစ်ခုဖြစ်အောင် ရည်ရွယ်ထားပါတယ်။ သင်ဟာ စတင်လေ့လာနေဆဲ လူသစ်လေးဖြစ်ဖြစ်၊ အတွေ့အကြုံရင့်ကျက်ပြီး ကိုယ်ပိုင်ဟန်ကို ရှာဖွေနေသော ပညာရှင်ဖြစ်ဖြစ်၊ ဒီမှာဆိုရင် သင့်အတွက် အဆင်သင့်နေရာရှိပါတယ်။ HK3-Art သည် သင့်ရဲ့အနုပညာခရီးစဉ်ကို အတူတူဖြတ်သန်းရန် စောင့်မျှော်နေပါတယ်။

HK3-Art မှသင်ရရှိခဲ့သော အကျိုးကျေးဇူးတစ်စုံတစ်ရာနှင့်
သင့်အမြင်အား Feedback ရေးသားပေးခဲ့နိုင်ပါတယ်။

Give us your feedback

We’d love to hear what you thought about us.

တိုက်ရိုက်ဆက်သွယ်ရန်

bottom of page