HK3-ART Online Art Classes Rules and Essential Student Guidelines & Policies
- HK3-ART

- Jun 21
- 3 min read
Updated: Sep 25
HK3-ART သည် အွန်လိုင်းပန်းချီသင်တန်းများအား အရည်အသွေးမြင့်မားစွာဖြင့် သင်ကြားပေးနေသော ပလက်ဖောင်းတစ်ခုဖြစ်ပြီး သင်တန်းသား/သူများ အောင်မြင်စွာ သင်ယူနိုင်ရန်အတွက် HK3-ART အွန်လိုင်းပန်းချီသင်တန်း တက်ရောက်မည့်သင်တန်းသားများအတွက် သင်တန်းစည်းကမ်းများနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို သတ်မှတ်ထားပါသည်။ ဤစည်းကမ်းများကို လိုက်နာခြင်းဖြင့် သင်တန်းအတွင်း ချောမွေ့ပြီး ထိရောက်သော သင်ကြားမှုကို ရရှိစေမည်ဖြစ်သည်။
HK3-ART Online Art Classes Rules and Essential Student Guidelines & Policies
HK3-ART အွန်လိုင်းပန်းချီသင်တန်း သင်တန်းသားများ လိုက်နာရမည့်စည်းကမ်းများနှင့် အသေးစိတ်လမ်းညွှန်ချက်များ
အတန်းမစမီ ပြင်ဆင်ခြင်း

ဝင်ရောက်ချိန်သင်တန်းစတင်ချိန်မတိုင်မီ ၅ မိနစ်အလိုတွင် Zoom App ဖြင့် ကြိုတင်ဝင်ရောက်ပါ။Meeting ID နှင့် Password ကို သေချာစစ်ဆေး၍ အတန်းသို့ Join ပါ။
အမည်ဖော်ပြခြင်းZoom App ၏ Display Name တွင် မိမိ၏ စစ်မှန်သောအမည် ထည့်သွင်းဖော်ပြပါ။
ကင်မရာဖွင့်ခြင်းကလေးပန်းချီအတန်းများတွင် ဆရာ၏ လမ်းညွှန်မှုအတွက် ကင်မရာကို အမြဲဖွင့်ထားပေးပါ။
အသံထိန်းချုပ်ခြင်းအတန်းအား အနှောင့်အယှက်မဖြစ်စေရန် Microphone ကို Mute ထားပါ။မေးမြန်းလိုပါက ဆွေးနွေးချိန်တွင် ဖွင့်၍မေးမြန်းနိုင်ပါသည်။
နောက်ကျမှုသင်တန်းစပြီး ၁၅ မိနစ်ကျော်နောက်ကျပါက အတန်းဝင်ခွင့် မရှိပါ။
ပြင်ဆင်မှုများအင်တာနက်ချိတ်ဆက်မှုနှင့် နားကြပ်များ စစ်ဆေးပြင်ဆင်ထားပါ။
အတန်းအတွင်း လိုက်နာရန်များ
ပါဝင်ဆောင်ရွက်နည်း
စည်းကမ်းလိုက်နာခြင်းအတန်းအား အနှောင့်အယှက်ဖြစ်စေသော အပြုအမူများ (ဖုန်းပြောခြင်း၊ မသက်ဆိုင်သောစကားပြောခြင်း) မပြုလုပ်ပါနှင့်။သင်ခန်းစာနှင့် မဆိုင်သောမေးခွန်းများ ရှောင်ကြဉ်ပေးပါ။
အသံထိန်းသိမ်းခြင်းမိမိဘက်မှ နောက်ခံဆူညံသံများ အနှောင့်အယှက်မဖြစ်စေရန် ဂရုပြုပါ။
မှတ်တမ်းတင်ခြင်းအတန်းမှတ်တမ်းများအား ဆရာမှသာ Recording ပြုလုပ်မည်ဖြစ်ပါသည်။
Chat အသုံးပြုခြင်းZoom Chat တွင် သင်ခန်းစာနှင့် မဆိုင်သော ဓာတ်ပုံ/စာတိုများ မပို့ပါနှင့်။ဆရာညွှန်ကြားသည့် အကြောင်းအရာများကိုသာ ဆွေးနွေးပါ။
အတန်းမှထွက်ခြင်းမိမိသင်တန်းချိန် မပြည့်မချင်း ထွက်ခွာခြင်းမပြုပါနှင့်။အင်တာနက်ပြဿနာကြောင့် ထွက်သွားပါက ချက်ချင်းပြန်ဝင်ပါ။
အတန်းပျက်ကွက်ခြင်းဆိုင်ရာ
သင်တန်းသားဘက်မှ
ကြိုတင်အသိပေးခြင်း
အတန်းပျက်ကွက်ရန် နာရီဝက်ကြိုတင်၍ အသိပေးပါ
-☎️ 09782848706 | ✉️ hello@hk3-art.com | HK3-ART Facebook Page တွင်အကြောင်းကြားပါ။
ပျက်ကွက်နိုင်သည့် အကန့်အသတ်
နေမကောင်းခြင်း/အရေးပေါ်ကိစ္စများမှလွဲ၍ တစ်ကာလလျှင် ၃ ချိန်ထက် ပို၍မပျက်ကွက်ရ။(၃ ချိန်ထက်ပိုပါက နောက်အတန်းသစ်တွင် ပြန်လည်တက်ရောက်ရမည်)
ပျက်ကွက်သည့်အတန်းများလွဲခဲ့သောသင်ခန်းစာများကို Video Recording ဖြင့် လေ့လာနိုင်ပါသည်။
သတိပြုရန်Zoom Link နှင့် Recorded Video များကို အခြားသူများနှင့် လုံးဝမျှဝေရ။
ဆရာ့ဘက်မှ ပျက်ကွက်ပါက
အသိပေးခြင်းFacebook၊ ဖုန်း သို့မဟုတ် Zoom မှတစ်ဆင့် အသိပေးမည်။
အစားထိုးသင်ကြားခြင်းပျက်ကွက်သောအတန်းအား သင်တန်းသားများနှင့် ညှိနှိုင်း၍ ပြန်လည်သင်ကြားပေးမည်။
HK3-Art မှ မူပိုင်ခွင့်ထိန်းသိမ်းထားသည့်
သင်ခန်းစာပါအကြောင်းအရာများနှင့် အသုံးပြုမှုဆိုင်ရာ အသိပေးချက်များ
Logo & Branding Assets
Video Content
Photos & Illustrations
Website Program Courses
Digital Products(Worksheets, eBooks, PDF Files, Presentation Files)
📌 ထိုအရာများသည် မူပိုင်ခွင့်ဖြင့် ကာကွယ်ထားသည်။
ပိုမိုသိရှိလိုပါက အောက်ပါ Link နှိပ်ကာဖတ်ရှုပါ။ https://www.hk3-art.com/online-art-classes-and-programs-for-all-levels/privacy-policy/logo-copyright
မပြုလုပ်သင့်သော မူပိုင်ခွင့်ချိုးဖောက်မှုများ
❌ eBooks, Worksheets, PDF များကို မည်သည့်မီဒီယာတွင်မဆို မဖြန့်ဝေပါနှင့်
❌ Digital Supplies များကို မဖြန့်ဝေပါနှင့်
❌ သင်ခန်းစား Content များကို Social Media တင်ရန်မပြုပါနှင့်
❌ Logo ကို ပြင်ဆင်ဖျက်သိမ်းခြင်း မပြုပါနှင့်
✅ ဆရာမှ ဒေါင်းလုဒ်ရယူရန် ခွင့်ပြုထားသော eBooks / Worksheets များကို အသုံးပြုနိုင်သည်
✅ ခွင့်ပြုထားသည့် Content များကို သင်တန်းသုံးရန်သာ အသုံးပြုနိုင်သည်
✅ Online Course Modules များကို ကိုယ်တိုင်သင်ကြားရန်သာ အသုံးပြုနိုင်သည်
သင်တန်းသား/သူ တစ်ယောက်ချင်းစီတိုင်းအနေဖြင့် မိမိကိုယ်ကို အောက်ပါအချက်များတာဝန်ယူလိုက်နာရန်။
၁. လေးစားမှု နှင့် ယဥ်ကျေးမှု
သင်တန်းအတွင်းမှာ ရှိနေသော သင်ကြားသူ (Instructor) နှင့် သင်တန်းသားများကြားအပြန်အလှန် လေးစားမှု ရိုသေမှုရှိစွာ ဆက်ဆံရမည်။ မည်သည့် အမျိုးအစား၏ ခွဲခြားခြင်း၊ ဖိအားပေးမှု သို့မဟုတ် သူတပါးသိက္ခာ အရှက်ကိုထိခိုက်စေသောအပြုမူများ၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးခွဲခြားသော စကားများ၊ ညစ်ညမ်းအသုံနှုန်းများ ပြောဆို ကို လုံးဝ (လုံးဝ) ခွင့်မပြုပါ။
၂. လုံခြုံမှုနှင့် ထိန်းသိမ်းခြင်း
သင်တန်းအတွင်းရှိ ဆွေးနွေးချက်များနှင့် မျှဝေချက်များ၏ လုံခြုံရေးနှင့် Data Privacy ကို လေးစားစွာထိန်းသိမ်းရမည်။ သင်တန်းအတွင်း မျှဝေသည့် အချက်အလက်များ၊ Videos, Photos, Templates, Files, Documents လေ့ကျင့်ရေးဆွဲမှုများ၊ယခု Program Course အတွင်းမှ တင်ပြထားသော စာများ၊ ပုံများနှင့် သင်ခန်းစာအကြောင်းအရာများအား Screenshoot ကဲ့သို့ မှတ်တမ်းများခွင့်ပြုချက်မပါဘဲ ပြင်ပ မည်သည့် Social Media Platform မဆို Website Owner/Instructor ခွင့်ပြုချက်မရဘဲ အသိပေးအကြောင်းကြားမှုမရှိဘဲ ဖြန့်ဝေ တင်ပြခြင်းမျိုး လုံးဝ(လုံးဝ) မပြုလုပ်ရပါ။
၃. အပြုသဘောဆောင်သော အကြံပြုချက်များ
တစ်ဦးဦး၏ အနုပညာလက်ရာများနှင့် လေ့ကျင့်ခန်းများကို ကောင်းမွန်သော အကြံပြုချက်များဖြင့် ဝေဖန်ဆန်းစစ်ပေးပါ။အကျိုးရှိသော အနုပညာအမြင့်ဖြင့်သာ အပြုသဘောဆောင်သော ဆွေးနွေးချက်များ၊ အကြံဉာဏ်များနှင့် ပေါင်းသင်းဆက်ဆံမှုများကို လေးစားရမည်။ အနုပညာဖန်တီးမှုများအပေါ် အပြန်အလှန် အထောက်အပံ့ဖြစ်စေရမည်။
၄. သက်ဆိုင်သော အကြောင်းအရာများအပေါ် အာရုံစိုက်ခြင်း
သင်တန်းအတွင်းရှိ ဆွေးနွေးချက်များနှင့် လေ့ကျင့်မှုများသည် ပန်းချီရေးဆွဲခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာများကိုသာ ပြုလုပ်ရမည်။သင်ခန်းစာဆိုင်ရာ မေးခွန်းများနှင့် မေးမြန်းလိုသည်များအား သက်ဆိုင်ရာသင်ခန်းစာအောက်ရှိ Q/A Box တွင် အမေးအဖြေများပြုလုပ်နိုင်သည်။
၅. ပုဂ္ဂိုလ်ရေး အချက်အလက်များ
သင်တန်းသားများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ သင်တန်းသားအချင်းချင်း မျှဝေခြင်း၊ privacy ဆိုင်ရာကိစ္စများအား တောင်းယူခြင်းများ မပြုလုပ်ရ။
၆. လေ့ကျင့်မှု
သင်တန်းတွင် တင်ပြထားသော သင်ခန်းစာများကို ပုံမှန်ပြုလုပ်နိုင်ရမည်။ သင်ခန်းစာ လေ့ကျင့်ခန်းများအား အပြီးတိုင်ပြုလုပ်မှသာ သင်တန်းလတ်မှတ် Certificate ကိုရရှိမည်။အပတ်စဉ် သင်ခန်းစာလေ့ကျင့်မှုများကို ပြန်လည်တင်ပြရမှာဖြစ််ပြီး စစ်ဆေးခြင်း၊ လိုအပ်သည်များပြုပြင်လေ့ကျင့်ခြင်းများ ပြုလုပ်နိုင်ရမည်။ သတ်မှတ်ထားသော စစ်ဆေးမှုကာလ အတွင်းနောက်ကျလျှင် တစ်ပတ် (၇ ရက်) ကျော်၍ ပြန်လည်တင်ပြခြင်း သင်ခန်းစာလေ့ကျင့်မှုများ မပြုလုပ်ပါက သင်တန်းမှ ထုတ်ဖယ်မည်ဖြစ်ပါသည်။
၇. လက်တွေ့ကျသော ရေးဆွဲခြင်းများ နှင့် ပျက်ကွက်
သင်ခန်းစာ လေ့ကျင့်မှုများသည် မိမိအမှန်တကယ်လေ့ကျင့်မှုများသာ ပြန်လည်တင်ပြရန်နှင့် အမှန်တကယ်လေ့ကျင့် ရေးဆွဲခြင်းကိုသာ ကြိုးစာရန်။ သင်တန်းသားတစ်ဦးသည် သင်တန်းကာလအတွင်း သင်တန်းချိန် ၂ ချိန်ထက်ပိုမိုပျက်ကွက်၍မရပါ။ အကြောင်းတစ်စုံတရာကြောင့် သင်တန်းပျက်ကွက်ခဲ့သည်ရှိသော် အတန်းမစတင်မီ နာရီဝက်အလိုတွင် HK3-Art Facebook Page မှဖြစ်စေ ဖုန်း 09782848706 သို့ဖြစ်စေ ဆက်သွယ်အကြောင်းကြားရပါမည်။ သင်တန်းပျက်ကွက်အတွက် Zoom Class အတွင်း ပို့ချ လေ့ကျင့်မှုများအား နေ့အလိုက် Group တွင် Recording Link အားတင်ပေးထားမှာဖြစ်၍ လိုအပ်သလိုပြန်လည်ကြည့်ရှု့လေ့ကျင်နိုင်ပါသည်။(သင်ခန်းစာ Video Record တင်ထားပေးခြင်းသည် ပြန်လည်လေ့ကျင့်ကြည့်ရှုရန် အထောက်အကူဖြစ်အတွက်ဖြစ်ပြီး Download ပြုလုပ်၍ အခြားသူအား ပြန်လည်သင်ပြခြင်း Social Media ပေါ်သို့တင်ခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ရပါ။)
၈. သင်တန်း စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာမှု
ရံဖန်ရန်ခါ လိုအပ်သလိုချမှတ်သော အတန်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။
၉. မူပိုင်ခွင့်
HK3-Art Logo သည်မူပိုင်ခွင့် နည်းဉပဒေအရ မူပိုင်မှတ်ပုံတင်အသိမှတ်အပြုခံရပြီးသော Logo ဖြစ်၍ ထိုအမှတ်တံဆိပ်ပါ မည်သည့်အကြောင်းအရာမဆို မိမိကိုယ်ကျိုးစီးပွါး အတွက်အသုံးမပြုရန်နှင့် အသုံးပြုလိုပါက ဆရာ့အား အသိပေးခြင်း ခွင့်တောင်းခြင်းပြုလုပ်ပါ။ ခွင့်ပြုချက်မရှိဘဲ ဖြန်ဝေခြင်းများပြုလုပ်ပါက မူပိုင်ခွင့်ဉပဒေအရ အရေးယူဆောင်ရွက်ပါမည်။(သင်တန်းသား/သူများအတွက် ဒေါင်းလုဒ်ရယူရန် အသုံးပြုခွင့် ၁၀၀% ပေးထားသော စာရွက်စာတမ်းများ၊ တင်ပေးထားသော Worksheets/Reference photo/Lesson photo/Download File/PDF File/Worksheets/Presentation File မျာအားလွတ်လပ်စွာအသုံးပြုနိုင်ပါသည်။)
စည်းကမ်းချိုးဖောက်မှုနှင့် လုပ်ဆောင်ချက်များ
အထက်ပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု မရှိပါက စည်းကမ်းဖောက်ဖျက်ကြောင်း စီစစ်တွေ့ရှိပါက သတိပေးခြင်း (လုံးဝမရှိ) ပထမအကြိမ်မှာတင် သက်ဆိုင်ရာ Registration Mail နှင့် အကောင့်များအားလုံးကိုဖယ်ရှားထုတ်ပယ်ခြင်း ပြုလုပ်ဆောင်ရွက်မည်ဖြစ်ပါသည်။
(သင်တန်းသားများအနေဖြင့် ဤစည်းကမ်းချက်များကို လေးစားစွာ လိုက်နာပါက သင်တန်းအတွင်း ပျော်ရွှင်စွာ သင်ယူလေ့လာနိုင်မည်ဖြစ်သည်။)
အနုပညာဖြင့် ပျော်ရွှင်သော သင်ကြားမှုအခိုက်အတန့်များ ဖန်တီးနိုင်ကြပါစေ!
လေးစားလျှက်
HK3-ART
Course Instructor
Online Art Classes and Programs For All Levels
For more : Email - hello@hk3-art.com
(ကူးယူဖော်ပြခွင့်မပြု)



Comments