Preload Image
ခေတ္တစောင့်ပါ...
top of page

Getting Started with ZOOM Meetings for HK3-ART Online Classes သင်တန်းတက်ရောက်ရန် ZOOM စတင်အသုံးပြုခြင်း

Updated: Jun 5


Two people at a table with laptops and paint sets. "Zoom Meetings User Guide" text. Bright colors, creative art class scene.
Join the HK3-ART Online Art Classes through Zoom for an interactive and creative experience, complete with live webinars and personalized feedback. Enroll now to start your artistic journey.
Zoom Meeting ကိုအသုံးပြု၍ HK3-ART အွန်လိုင်းပန်းချီသင်တန်းတက်ရောက်နည်း

ZOOM Meetings စတင်အသုံးပြုခြင်း လမ်းညွှန်ချက်

အွန်လိုင်းသင်တန်းတွေ တွင်ကျယ်လာတဲ့ခေတ်မှာ HK3-ART မှဖွင့်လှစ်သင်ကြားထားသော အွန်းလိုင်းပန်းချီ အနုပညာသင်တန်းကို အိမ်မှာနေရင်း အဆင်ပြေပြေတက်လို့ရပါတယ်။

Getting Started with ZOOM Meetings for HK3-ART Online Classes

ယခုဘလော့ဂ်မှာ Zoom Application ကို အသုံးပြုပြီး ပန်းချီသင်တန်းတက်ရောက်နည်း အဆင့်ဆင့် နှင့် သင်တန်းတက်ရောက်မည့်သင်တန်းသား/သူတစ်ဦးချင်း အတန်းမတက်မီနှင့် အတန်းတက်နေစဉ်အတွင်း Zoom Meeting အဆင်ပြေပြေအသုံးပြုနိုင်ရန် အဆင့်ဆင့်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။



အဆင့် ၁ – Zoom ကိုဘယ်လိုဒေါင်းလုဒ်ဆွဲမလဲ?

  စမတ်ဖုန်း/တက်ဘလက်အတွက်

- iPhone/iPad** သုံးသူများ : App Store မှ ဒေါင်းလုဒ်ဆွဲရန် 

   ကွန်ပျူတာအတွက်

- Zoom ဝက်ဘ်ဆိုက်ကို ဤနေရာမှာနှိပ် ပြီး "Download" ကိုနှိပ်ပါ။



အဆင့် ၂ - လိုအပ်သော ခွင့်ပြုချက်များ (Permission)

 Zoom App ကို မိမိဖုန်း (သို့) ကွန်ပြူတာမှာ ထည့်သွင်းပြီးပါက၊ Zoom သည် အောက်ဖော်ပြပါ ခွင့်ပြုချက်များကို တောင်းခံလေ့ရှိသည်။

Zoom app permission request screen to access camera and microphone. Text explains video and audio use in meetings. Buttons: Don't Allow, OK.
Zoom app permission request to access the camera and microphone, allowing users to join meetings with audio and video capabilities.

ဖုန်း/တက်ဘလက်သုံးသူများအတွက် ခွင့်ပြုရန်

(Permission - 1)

Mic (မိုက်ခရိုဖုန်း) – သင်၏အသံကို မျှဝေရန်

ပေါ်လာသော ရွေးချယ်ရန်မှ OK (Allow) ကိုသာ နှိပ်ရမှာဖြစ်ပါတယ်။Don’t Allow (Deny) ကိုနှိပ်ပါက Zoom တွင် မိမိအသံကို မျှဝေနိုင်တော့ဘဲ စကားပြောခြင်း၊ ဆွေးနွေးခြင်းများ အထိအတွေ့ရှိစွာ ပြုလုပ်လို့မရနိုင်ပါ။ ထို့ပြင် Host(ဆရာ) မှသင်ကြားပို့ချသောအကြောင်းအရာများနှင့် ဆရာ့အသံလည်းကြားနိုင်မည်မဟုတ်ပေ။

(သင်သည် HK3-ART Zoom Class Meeting တွင် တက်ရောက်သူတစ်ဦးအနေဖြင့် သင်ခန်းစာဆိုင်ရာ ပြောဆိုဆွေးနွေးခြင်း၊ အမေးအဖြေများပြုလုပ်ခြင်းများစွာ ပါဝင်နေသည့်အတွက် သင်၏အသံဖြင့်ပါဝင်ဆွေးနွေးရန်လိုအပ်သောကြောင့် “Allow” ကို နှိပ်ပေးရပါမယ်။)


Microphone access prompt from Zoom. Text reads: "Your microphone will be accessed while recording audio." Options: "Don't Allow," "OK."
Z

(Permission - 2)

Camera (ကင်မရာ) – သင်၏မျက်နှာကို ပြသရန်

Zoom App မှာ မျက်နှာပြရန် ကင်မရာခွင့်ပြုချက် လိုအပ်ပါတယ်။OK(Allow) ကိုနှိပ်သော်လည်းကောင်း၊ Allow While Using the App ဆိုသောရွေးချယ်မှုကို အသုံးပြုလို့ရပါတယ်။Don’t Allow (Deny) ကိုနှိပ်လိုက်ပါက သင်၏မျက်နှာကို Meeting ထဲမှာ ပြမယ်ဆိုတဲ့ အခွင့်အလမ်းဆုံးရှုံးသွားပါတယ်။

(HK3-ART Zoom Class Meeting ဖြင့်သင်ကြားသော အွန်လိုင်းပန်းချီသင်တန်းများ(လူကြီးအတန်းမှလွဲ၍) ရေးဆွဲလေ့ကျင့်မှုများအား တိုက်ရိုက်စစ်ဆေး သင်ကြားသည့်ပုံစံဖြစ်၍ ကင်မရာသည်အမြဲဖွင့်ရန်လိုအပ်သောကြောင့် “Allow” ကိုနှိပ်ပါ။)


Zoom camera access prompt on a white background with options "Don't Allow" and "OK." Blue video icon on the left.

(Permission - 3)

Notification – အသိပေးချက်များ သိရှိရန်

Zoom မှ Meeting စတင်ချိန်၊ Schedule များကို သတိပေးရန် Notifications ခွင့်ပြုချက် လိုအပ်ပါတယ်။Allow ကိုနှိပ်မယ်ဆိုရင် Zoom မှ သင့်ကို အသိပေးချက်များဖြင့် Meeting ချိန်များလွတ်ခြင်း၊ မေ့လျော့ခြင်းများ ဖြစ်မည်မဟုတ်ပါ။Don’t Allow ကိုနှိပ်မယ်ဆိုရင် Meeting များမှ အချိန်မမှန်တက်ရောက်ခြင်း၊ သတိမမေ့ဖြစ်နိုင်ပါသည်။

(သင်သည်အချိန်မှန် Zoom အသုံးပြုသူဖြစ်ပါက “Allow” ကိုနှိပ်ဖို့ အထူးအရေးကြီးပါတယ်။)


Notification prompt from Zoom asking to send notifications, with blue buttons "Don't Allow" and "OK" on a white background.

(Permission -4)

Files & Photos – ဖိုင်များနှင့် Screenshot မျှဝေခြင်း

Zoom မှတဆင့် ဖိုင်များ၊ စာရွက်စာတမ်းများ၊ ဓာတ်ပုံများ မျှဝေလိုသောအခါ မိမိ၏ Device သိုလှောင်မှု (storage access) ခွင့်ပြုချက် လိုအပ်ပါတယ်။Allow ကိုနှိပ်မယ်ဆိုရင် ဖိုင်လွှဲပြောင်းမှုများကို လွယ်ကူစွာ တင်ပို့/လက်ခံခြင်းများ ပြုလုပ်နိုင်ပါသည်။Deny ကိုနှိပ်မယ်ဆိုရင် မျှဝေပေးလိုသော ဖိုင်များ Upload မပြုနိုင်ဘဲ ကျန်ရစ်နိုင်ပါသည်။

(HK3-ART Class တွင် သင်ကြားရေးဆွဲလေ့ကျင့်မှု အထောက်အကူပြု Photo, PDF, Assignments, Document များသင်ကြားနေစဉ်သင်တန်းချိန်အတွင်း မျှဝေခြင်း နှင့် ရယူခြင်း(Save/Download) ပြုလုပ်ရန်လိုအပ်သောကြောင့် “Allow” ကိုနှိပ်ဖို့လိုပါတယ်။)



Zoom permission prompt asking to access photos and videos. Options "Don't Allow" and "OK" in blue. White background.



အဆင့် ၃ - Zoom Meeting App ထဲတွင် Setting ချိန်ညှိခြင်း
1.Account Setting (အကောင့်အချက်အလက်များ ပြင်ဆင်ခြင်း)

HK3-ART Zoom Account ကို ပြင်ဆင်ရန် Zoom အကောင့်အတွင်း Display Name, Profile Photo, Email ကိုပြင်နိုင်သည်။ အကောင့်တစ်ခုအနေဖြင့် မိမိအမည် -> Display Name(အတန်းတွင်ဖော်ပြမည့်နာမည်) သတ်မှတ်ထားပြီး အလုပ်အမျိုးအစားအား "Online Art Class" ဟုဖော်ပြထားသည်။


Display Name ပြင်ခြင်း

Mobile app interface showing HK3-ART profile, email, and QR code at top. Features listed: Whiteboards, Events, Apps, Contacts, etc.
1.Account Setting


Mobile interface showing account settings for HK3-ART. Options: display name, profile photo, work location, status message, and more.
2.Display Name


Zoom name entry screen with fields for first, last, and display names filled as HK3, Art, HK3-ART. Includes HK3-ART copyright footer.
3.Add Your Name

2.Meetings Setting

မီတင်တွေမှာအသုံးပြုမည့်စနစ်များ ပြင်ဆင်ရန်Settings > Meetings မှတဆင့် Meetings အတွက် ဗီဒီယို၊ အသံ၊ Background အသုံးပြုပုံများ ပြင်ဆင်နိုင်သည်။


Video Setting
  • Touch Up My Appearance (OFF)

  • Portrait Lighting (OFF)

  • မျက်နှာအလှပြင်စနစ် (Touch up) နှင့် အလင်းအိမ်ကို အလိုအလျောက်ညှိပေးသော Portrait Lighting စနစ်ဖွင့်နိုင်သည်။

Advanced Video Setting

Advanced Video Settings

  • HD Video (ON)

  • Mirror My Video (OFF)

  • Picture-in-Picture(ON) 

  • စနစ်များဖွင့်နိုင်သည်။ ဗီဒီယိုအရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်နိုင်သည်။

Video Enhancements Info

ဗီဒီယိုတိုးတက်မှု အချက်အလက်များ

Advanced ->

  • Optimize Video Quality (ON)

  • Hardware Acceleration (ON)

  • Video Stabilization (ON)

  • စနစ်များကို ဖွင့်ခြင်းဖြင့် Zoom meeting ကို ပိုမိုပြတ်သားအောင် ပြုလုပ်နိုင်သည်။


Video Setting ချိန်ညှိခြင်း

Mobile app settings screen with options like Meetings, Team Chat, and Accessibility. Copyright © 2024 HK3-ART, Online Art Classes.
1.Meetings Setting

Video settings menu on a phone screen, showing toggles for video features like HD video, portrait lighting, and appearance touch-ups.
2.Advanced

Screenshot of phone settings screen with video quality options enabled. Green toggle switches on right. Bottom menu includes Meetings, Mail, Team Chat.
3.Video stabilization -> ON

3. Background & Filters

နောက်ခံအမြင်ပြောင်းခြင်း Background များ၊ Video Filters များ အသုံးပြုနိုင်သည်။ မိမိနေရာမမြင်ရစေလိုလျှင် blur effect သုံးနိုင်သော်လည်း HK3-ART ပန်းချီသင်တန်းများတွင် သင်ကြားသင်ယူမှု လေ့ကျင့်ရးဆွဲခြင်းများအား အတန်းချီအတွင်း တိုက်ရိုက်စစ်ဆေးခြင်းများ ပြုလုပ်စစ်ဆေးသင်ကြားခြင်းကြောင့် Background Blur (နောက်ခံအားဝါးထားခြင်း) ကို လုံး၀(လုံး၀) မထည့်သွင်းရပါ။


Background Blur (None)

Settings menu with options like Calendar, Meetings, Team Chat, and more. Blue highlight on Meetings. Footer shows app icons.
1. Meeting


Video settings menu on a smartphone screen showing toggles for video options, with blue text highlights and icons at the bottom.
2. Background & effects


Background selection screen with options: None, Blur, bridge, grass, Earth. Tabs: Backgrounds, Video filters, Avatars. Copyright info.
3. None

4.General Settings

Meeting အတွင်း သတိပေးချက်များ ပြင်ဆင်ခြင်း

  • Show Meeting Controls (ON)

  • Show Names (ON)

  • Ask Before Leaving

  • Safe Driving Mode

    စသည်ဖြင့် Meeting အတွင်း လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်သည်။


5.Message Preferences (Chat Settings)

Chat နှင့် Message များပြသပုံ ပြင်ဆင်ရန်

  • Unread Messages (ON)

  • Chat Notification (ON) နှင့်

    Group Message Settings များကို ပြင်နိုင်သည်။


General & Team Chat Settings

Settings menu on a mobile app with options like Team Chat and Audio. Blue highlights indicate selections. Copyright text below.
1.General Setting


App settings screen with toggles, including meeting controls, connected time, safe driving mode. Text: Copyright 2024 HK3-ART.
2.General Setting (ON)

Settings screen showing message preferences toggles for notifications, and unread message counts. Copyright 2024 HK3-ART at bottom.
3.Team Chat Setting

6.Audio Settings

စကားပြောဆိုရန် အသံနှင့် အသံကြားရန်အတွက် သတ်မှတ်ခြင်း

  • Wi-Fi / Cellular Data (အမြဲတမ်း အမှန်ခြစ်)

အသုံးပြုသော်လည်း Audio မရရှိလျှင် ဖုန်းကို ခေါ်ဆိုပေးရန် စနစ်များသတ်မှတ်နိုင်သည်။



Audio Setting

Mobile app settings screen with options like Meetings, Team Chat, Audio, Siri Shortcuts, and more. Copyright 2024 HK3-ART.
1.Audio


A phone screen shows video call settings like "Auto connect audio" and "Portrait lighting." Options are toggled on and off.
2.Auto connect audio

Settings menu with options for auto-connecting audio: Off, Wi-Fi or cellular data, call my phone. "Done" and "Cancel" buttons visible.
3.Done

7.Manual Audio Connect (ရွေးချယ်ခြင်း)

No.6 တွင်ဖော်ပြထားသော အမြဲတမ်းစကားပြောဆိုကြားနိုင်ခြင်းအတွက် ရွေးချယ်မှူ မပြုလုပ်ထားခဲ့လျှင်

အောက်ပါပုံံထဲမှာ မြင်ရတဲ့ Zoom Meeting တစ်ခုကိုသုံးစွဲနေချိန်မှာ အသံကြားဖို့အတွက် Audio (အသံ) Microphone ကိုချိတ်ဆက်ရန်လိုအပ်ကြောင်း နှင့်သင့်အားရွေးချယ်ခွင့်ပြုချက် ပြထားတာဖြစ်ပါတယ်။ အောက်မှာရှိတဲ့နှစ်ခုမြောက်ရွေးချယ်စရာတွေထဲကမှ မှန်ကန်တဲ့နည်းလမ်းကိုရှင်းပြပါမယ်။

Phone screen with audio prompt: "To hear others please join audio." Options: "Wi-Fi or cellular data" and "No audio." Copyright bottom.

Wi-Fi or cellular data ကိုနှိပ်ပါ

ဘာဖြစ်မလဲ?

  • ဒီခလုတ်ကိုနှိပ်လိုက်တာနဲ့ meeting ထဲမှလူများ၏အသံ နှင့် သင်တန်းဆရာအသံကိုကြားနိုင်မှာဖြစ်ပါတယ်။

  • သင့် Wi-Fi သို့မဟုတ် Data ဖွင့်ထားရင်, meeting ထဲမှ အသံအားလုံးအပြည့်အဝကြားနားနိုင်ပါတယ်။

  • မှန်ကန်တဲ့ရွေးချယ်မှု ဖြစ်ပါတယ်။


🚫 No audio ကိုနှိပ်လျှင်

ဘာဖြစ်မလဲ?

  • သင် meeting ထဲမှာသူများအသံနှင့် သင်တန်းဆရာ သင်ကြားမှုအသံအား မကြားနိုင်တော့ပါ။

  • Zoom meeting သင်တန်းတက်နေချိန်အတွက် အဆင်မပြေဖြစ်နိုင်ပါတယ်။


🔊 တစ်ခြားလူတွေ့အသံကြားချင်ရင် ဘာလုပ်ရမလဲ?

➡️ Wi-Fi or cellular data ကို နှိပ်ပါ။


📌 အကြံပြုချက်

Zoom သုံးပြီး HK3-ART Online Art Class တက်နေချိန်မှာ audio မချိတ်ဘဲဖြစ်နေတယ်ဆိုရင် သင်ခန်းစာများလုံးဝနားမလည်နိုင်ပါဘူး။ ထို့ကြောင့် "Wi-Fi or cellular data" ကိုသာရွေးချယ်သင့်ပါတယ်။



8. Audio Suppression & Sound Setting

အရည်အသွေးမြင့်အသံ ဖြင့် စကားပြောခြင်း

  • Auto Noise Suppression (ဆူညံသံများအလိုအလျောက်လျော့ချခြင်း)

  • Original Sound

  • Personalized Audio Isolation

    စနစ်များဖြင့် Meeting အတွင်း အသံများပြောဆိုရာတွင် ရှင်းလင်းပြတ်သားရန် ကူညီပေးပါသည်။


Good Audio Quality Setting

Settings menu on a mobile app screen with options like Meetings, Team Chat, Audio. Footer shows copyright for "HK3-ART | Online Art Classes".
1.Audio

Settings screen showing audio profiles: Auto noise suppression, Original sound, Personalized audio isolation. "Copyright © 2024" at the bottom.
2. Auto noise suppression ( ✅ )

Notification Settings

အသိပေးချက် (Notifications) ပြင်ဆင်ခြင်း

  • Promotions (ON/OFF)

  • Others (ON)

    စနစ်များကို ဖွင့်/ပိတ် ပြုလုပ်နိုင်သည်။ အသိပေးချက်များကို သက်ဆိုင်ရာ setting များတွင် သတ်မှတ်နိုင်သည်။

Notification Get ON

Settings menu screenshot with options: Meetings, Team Chat, Notifications highlighted in blue, and more. Copyright HK3-ART.
1. Notification


Notification settings screen showing "Promotions" toggle off and "Others" toggle on. Footer mentions copyright by HK3-ART, 2024.
2. Others (ON)

သင့်ရဲ့ Zoom Meetings Settings အားလုံးကို အကောင်းဆုံးအဆင်ပြေဖို့ပြင်ဆင်ထားမှ သင်ယူမှုတစ်ခုလုံးကို အဆင်ပြေပြေဖြင့် လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။


🎨 အနုပညာကို ချစ်သူတိုင်းအတွက် – HK3-ART သည် သင့်ရဲ့အနုပညာခရီးမှာ အမြဲအတူရှိနေပါမယ်။အနုပညာနဲ့ နည်းပညာပေါင်းစပ်မှု – အခုပဲစတင်လိုက်ပါ!

Getting Started with ZOOM Meetings for HK3-ART Online Classes



Personal Blog : HK3-ART

(ကူးယူဖော်ပြခွင့်မပြု)



HK3-ART Platform မှတင်သမျှ အကြောင်းအရာတိုင်းအား အမြဲတမ်း

Update သိရှိလိုပါက Subscribe (အခမဲ့) ပြုလုပ်ထားပါ!

1 Comment

Rated 0 out of 5 stars.
No ratings yet

Add a rating*
Zinjj
Zinjj
Sep 28
Rated 5 out of 5 stars.

Thanks a million Sayar 🙏 🙏 🙏

Like

ယခု ဖော်ပြချက်အား PDF File အဖြစ် ဒေါင်းလုဒ်ရယူလိုပါက

bottom of page