HK3-ART Online Classes: Earn Points and Certificates System အွန်လိုင်းပန်းချီသင်တန်းတွင် စစ်ဆေးအကဲဖြတ်ခြင်း ရမှတ်စနစ် (Point System) နှင့် အသိအမှတ်ပြုလက်မှတ်ချီးမြင့်မှု
- HK3-ART

- Jun 21
- 2 min read
Updated: Sep 25
HK3-ART ၏ အွန်လိုင်းပန်းချီသင်တန်းများသည် ၂၀၂၅ ခုနှစ် ၇ လပိုင်းမှစတင်ကာ ပန်းချီအနုပညာအွန်လိုင်းအခြေပြုသင်တန်းများအတွက် သင်ကြားသင်ယူမှုလုပ်ငန်းစဉ်အား စတင်၍ အသက်ဝင်အကောင်ထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။ သင်တန်းသား/သူများအနေဖြင့် မိမိတို့၏ အနုပညာစွမ်းရည်ကို အဆင့်ဆင့်တိုးတက်စေရန် ရမှတ်စနစ် HK3-ART Online Classes: Earn Points and Certificates System ဖြင့် ဆန်းစစ်အကဲဖြတ်ပေးပါသည်။
သင်တန်းသားများသည် မိမိတို့၏ လက်ရာများကို တင်ပြပြီးနောက် ဆရာမှ (၂၄ နာရီ အတွင်း) စစ်ဆေးပြီး ရမှတ်များပေးအပ်ကာ သတ်မှတ်အမှတ်ပွိုင့်ပြည့်မှီမှုအလိုက် အောက်ပါ သင်တန်းကာလ သင်ယူမှုအသိမှတ်ပြုဆုတံဆိပ်များဖြင့် ဂုဏ်ပြုချီးမြှင့်မည်ဖြစ်ပါသည်။
HK3-ART Online Classes: Earn Points and Certificates System
🥉 Bronze Award (ကြေးဝါဆု) (၀ မှတ်)
အနုပညာ၏ အခြေခံအုတ်မြစ်များ
သင်တန်းများကို စတင်တက်ရောက်ခြင်း

"ပန်းချီစက္ကူပေါ်တွင် သင့်အနုပညာခရီးစဉ် စတင်ရာနေရာ"
🥈 Silver Award (ငွေရောင်ဆု) (၀ -၂၀ မှတ်)
ကျွမ်းကျင်မှုဖွံ့ဖြိုးလာခြင်း
ဆရာ၏ အကြံပြုချက်များကို လက်တွေ့အသုံးချခြင်း
လေ့ကျင့်ခန်းများကို တိကျမှန်ကန်စွာ လုပ်ဆောင်ခြင်း

"မျဉ်းကြောင်းများက သက်ဝင်လာပြီး ပုံသဏ္ဍာန်များ ပေါ်ထွက်လာစဉ်"
🥇 Gold Award (ရွှေရောင်ဆု) (၂၀ - ၅၀ မှတ်)
ကိုယ်ပိုင်ဟန် ဖော်ထုတ်ခြင်း
ကိုယ်ပိုင်လက်ရာနှင့် ဆရာနှင့်အတူ ဖန်တီးနိုင်ခြင်း
သင်ခန်းစာများကို နားလည်ခြင်း

"စွမ်းရည်က ကိုယ်ပိုင်ဖော်ပြချက်အဖြစ် ပြောင်းလဲလာစဉ်"
💎 Platinum Award (ပလက်တီနမ်ဆု) (၅၀ - ၇၅ မှတ်)
စိတ်ကူးဉာဏ်နှင့် ကျွမ်းကျင်မှု ပေါင်းစပ်ခြင်း
ဆရာ၏ အဆင့်မြင့်လမ်းညွှန်မှုများကို အပြည့်အဝအသုံးချခြင်း
ဖန်တီးမှုလက်ရာများကို ပုံမှန်မျှဝေခြင်း

"နည်းစနစ်နှင့် စိတ်ကူးဉာဏ်တို့ ပေါင်းဆုံရာနေရာ"
🔷 Diamond Award (စိန်ဆု) (၇၅ - ၁၀၀ မှတ်)
အောင်မြင်မှု
သင်တန်းလိုအပ်ချက်အားလုံးနှင့် ရေးဆွဲလေ့ကျင့်မှုများ ပြည့်စုံခြင်း
အနုပညာစွမ်းရည် ဖန်တီးနိုင်မှု ပြသခြင်း

"စွမ်းရည်က သင့်သင်တန်းပြီးမြောက်ကြောင်းလက်မှတ်အဖြစ် ပြောင်းလဲသွားသောအဆင့်"
🏅 HK3-ART အသိအမှတ်ပြုခြင်းနှင့် သင်တန်းလက်မှတ်ချီးမြှင့်ခြင်းစနစ်
HK3-ART သင်တန်းသားတိုင်း၏ ကြိုးစားမှုနှင့် တိုးတက်မှုကို တန်ဖိုးထားပြီး၊ စနစ်တကျအကဲဖြတ်ပြီး အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ပါသည်။ သင်တန်းပြီးဆုံးသူများသည် ၎င်းတို့၏ ကျွမ်းကျင်မှုအခြေအနေအပေါ်မူတည်၍ သက်ဆိုင်ရာ Certificate of Completion ကို ရရှိနိုင်ပါသည်။
🖋 အသိအမှတ်ပြု လက်မှတ် (Certificate of Completion)
သင်တန်းပြီးဆုံးသူများသည် အောက်ပါအချက်များအပေါ်အခြေခံ၍ အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခံရပါမည်–
ပန်းချီနည်းပညာအရ တိုးတက်မှု
ဖန်တီးနိုင်စွမ်းနှင့် မူရင်းဖန်တီးမှု
စဉ်ဆက်မပြတ် တက်ရောက်မှုနှင့် လေ့ကျင့်ခန်းပြုလုပ်မှု
ဆရာ၏ အကြံပြုချက်အပေါ် တုံ့ပြန်လုပ်ဆောင်မှု
လက်မှတ်တွင် သင်တန်းသား၏ အောင်မြင်မှုအဆင့် ကို ထင်ရှားအောင် ပြသထားမည်ဖြစ်ပါသည်။

💎 Diamond Award ရရှိသူများအတွက် အထူးအခွင့်အရေးများ
Diamond Award ကို ရရှိသူ သင်တန်းသားများသည် အောက်ပါအထူးအခွင့်အရေးများကို ရယူနိုင်ပါသည် –
နောက်ထပ် သင်တန်း (Program / Level) တက်ရောက်ခွင့် အခမဲ့
မိမိဖန်တီးထားသော ပန်းချီလက်ရာများကို HK3-ART Gallery နှင့် Blog တွင် ဖော်ပြခွင့်
HK3-ART Store မှ PDF, eBooks, မူရင်းဖန်တီးနည်းလမ်းညွှန်များကို အခမဲ့ download ပြုလုပ်ခွင့်
မိမိ၏ လေ့လာမှု တိုးတက်မှုအကျဉ်းချုပ် (Portfolio Summary) ကို အသိအမှတ်ပြုဖော်ပြခြင်း
Diamond Award ရရှိသူများအပါအဝင် ထူးချွန်သော သင်တန်းပြီးဆုံးသူများအတွက် မိမိ၏ ဖန်တီးမှုများကို အကျဉ်းချုပ်ဖော်ပြထားသော အထူး Portfolio Recognition ကိုလည်း ထုတ်ပြန်ပေးပါမည်။
"ဤစနစ်သည် သင့်အနုပညာခရီးကို အဆင့်ဆင့်မြှင့်တင်ရန် ဒီဇိုင်းပြုလုပ်ထားပြီး၊ ဆုတံဆိပ်တိုင်းတွင် သင့်ကြိုးပမ်းမှု၏ ဂုဏ်ယူစရာအမှတ်လက္ခဏာဖြစ်ပါသည်။”
သင့်အနုပညာခရီးကို HK3-ART နှင့်အတူ စတင်လိုက်ပါ
(မှတ်ချက်: ရမှတ်စုစုပေါင်းသည် လူကြီး/ကလေးအတန်း အလိုက် သီးခြားစီ တွက်ချက်ပါသည်)
ဆက်လက်သိရှိလိုသည့်အကြောင်းအရာနှင့် နားမလည်သောအကြောင်းအရာများအား Comment တွင်ရေးသားမေးမြန်းနိုင်ပါသည်။
လေးစားလျှက်
HK3-ART
Course Instructor
Training & Teaching Methods for Children’s Art: Instructor Training Program
Comprehensive Online Art Classes and Education Platform
(ကူးယူဖော်ပြခွင့်မပြု)



THE BEST