HK3-ART Online Art Classes: Evaluation System for Zoom Art Classes
- HK3-ART

- Sep 21
- 2 min read
Updated: Sep 25
လူကြီးအတန်းများ (Art Programs, Zoom Art Classes)
(အပြည်ပြည်ဆိုင်ရာအနုပညာသင်တန်းများ၏ စံနှုန်းများနှင့်အညီ)
HK3-ART ၏ အွန်လိုင်းပန်းချီသင်တန်းတွင် သင်တန်းသားများ၏ လေ့လာမှုတိုးတက်မှုကို တိကျမှုရှိအောင် တန်ဖိုးထားပြီး စနစ်တကျ အကဲဖြတ်ပေးခြင်းဖြင့် ခိုင်မာသော သင်ယူမှုစနစ်တစ်ခုကို တည်ဆောက်ထားပါသည်။
စုစုပေါင်း ၉ ချက်ဖြင့် ခွဲခြား၍ အမှတ်ပေးအကဲဖြတ်သည်။ စုစုပေါင်း ၉၀ မှတ်ဖြစ်ပြီး တစ်ခုချင်းစီတွင် အနုပညာကျွမ်းကျင်မှုနှင့် တတ်မြောက်မှုကို အခြေခံထားသည်။
HK3-ART Online Art Classes: Evaluation System for Zoom Art Classes

HK3-ART အွန်လိုင်းပန်းချီသင်တန်း (Zoom Art Classes)အမှတ်ပေး အကဲဖြတ်စနစ်
၁။ လက်ရာအရည်အသွေး (Artwork Quality)
ဤအချက်ကို အကဲဖြတ်ရာတွင် သင်တန်းသားတစ်ဦးချင်းစီ၏ လက်တွေ့ကျွမ်းကျင်မှုကို အောက်ပါအချက်များအပေါ် အခြေခံ၍ အမှတ်ပေးပါသည်။
ခဲ (Pencil) အသုံးပြုမှု - မှန်ကန်သော ခဲအမျိုးအစား (HB, 2B, 6B စသည်) ရွေးချယ်အသုံးပြုနိုင်မှု၊ ခဲတံကို ဖိအားနှင့် ထိန်းချုပ်မှု (Pressure Control) ရှိခြင်း၊ အရိပ်ထိုး လှုပ်ခြယ်နည်းစနစ် (Shading -ခဲခြစ်များ Hatching, Cross-Hatching, Stumping) များ တိကျစွာ အသုံးပြုနိုင်မှု၊ သန့်ရှင်းပြေပြစ်သော လိုင်းများ (Line Work) ဆွဲနိုင်မှုတို့ကို အဓိကကြည့်ရှုအကဲဖြတ်ပါသည်။
ဆီပါစတယ် (Oil Pastel) အသုံးပြုမှု - ဆေးရောင်များကို တိုက်ရိုက်အသုံးပြုခြင်း၊ လက်ချောင်း သို့မဟုတ် တစ်ရှုး (Blending)၊ အလွှာလိုက်ဖြည့်စွက်ခြင်း (Layering)၊ ဆေးခြောက်သွားပြီးမှ နောက်ထပ်အလွှာထပ်ခြင်း၊ ချွန်ထက်သော ကိရိယာဖြင့် ခြစ်ခြင်း (Sgraffito Technique) စသည့် နည်းပညာများ ကျွမ်းကျင်စွာ အသုံးပြုနိုင်မှုကို အကဲဖြတ်ပါသည်။
၂။ အနုစိတ်လုပ်ဆောင်ချက် (Detail Execution)
ဤအချက်သည် လက်ရာ၏ အနုစိတ်အဆင့်အတန်းကို ကြည့်ပါသည်။
မျဉ်းကြောင်းများ၏ တိကျမှု (Line Precision) - လိုအပ်သော နေရာတွင် ရဲရဲရင့်ရင့်နှင့် သေသပ်သော မျဉ်းများ ဆွဲနိုင်မှု၊ တုန်ခါနေသော မျဉ်းများ မဟုတ်ဘဲ ယုံကြည်ချက်ရှိရှိ ဆွဲနိုင်မှု။
ပုံသဏ္ဍာန်ဖွဲ့စည်းမှုမှန်ကန်မှု (Form Accuracy) - ပုံဆွဲထားသော အရာဝတ္ထု၏ ပုံစံ၊ အချိုးအစား၊ ပမာဏ (Proportion) နှင့် ရှုထောင့် (Perspective) တို့ မှန်ကန်နေမှု။
Texture ဖော်ပြနိုင်မှု - အရာဝတ္ထု၏ မျက်နှာပြင်သဘောကို (ဥပမာ- ချောမွေ့၊ ကြမ်းတမ်းမှု၊ ပျော့ပျောင်းမှု) နည်းလမ်းမျိုးစုံဖြင့် သရုပ်ဖော်နိုင်မှုကို အကဲဖြတ်ပါသည်။
၃။ ကိုယ်ပိုင်မြင်ကွင်း ထည့်သွင်းဖန်တီးမှု (Personal Vision)
ဤအချက်သည် သင်တန်းသား၏ ဖန်တီးမှုစွမ်းရည်၏ ပင်ကိုယ်သဘောကို အကဲဖြတ်ပါသည်။
ပေးထားသော ခေါင်းစဉ် (Theme) သို့မဟုတ် စိန်ခေါ်မှု (Challenge) ကို လွယ်လွယ်ကူကူ ပုံကူးချခြင်းမဟုတ်ဘဲ မိမိ၏ ကိုယ်ပိုင်အတွေး၊ အမြင်နှင့် ခံစားချက်များကို ထည့်သွင်းဖော်ပြနိုင်မှု။
လက်ရာ၏ ဇာတ်လမ်း (Narrative) နှင့် ခံစားချက်ဆိုင်ရာ သက်ရောက်မှု (Emotional Impact) ရှိမရှိ။
အခြားသူများနှင့် မတူသော၊ မူရင်းဆန်သော (Original) အမြင်နှင့် ခံစားမှုကို ဖော်ထုတ်နိုင်မှုကို အထူးတန်ဖိုးထားအကဲဖြတ်ပါသည်။
၄။ စနစ်တကျလုပ်ဆောင်နိုင်မှု (Systematic Approach)
ဤသင်တန်းသည် စနစ်တကျသင်ကြားသောကြောင့် လုပ်ငန်းစဉ်ကို လိုက်နာနိုင်မှုကို အရေးပေးအကဲဖြတ်ပါသည်။
Concept Sketch/Thumbnail Sketch - စိတ်ကူးအကြမ်းများ ရေးဆွဲခြင်းမှ စတင်ပါသည်။
Composition Planning - ပုံဖွဲ့စည်းမှုကို စနစ်တကျ စီစဉ်ခြင်း။
Underpainting/Block-in - အခြေခံအရောင်များ၊ ပုံသဏ္ဍာန်များ စတင်ချထားခြင်း။
Rendering/Refining - အသေးစိတ်များ ထည့်သွင်းပြီး လက်ရာကို ပုံသွင်းခြင်း။
Final Touches - နောက်ဆုံးအဆင့် အသေးစိတ်ပြင်ဆင်မှုများ ပြုလုပ်ခြင်း။ဤအဆင့်ဆင့်ကို တိကျစွာ လိုက်နာလုပ်ဆောင်နိုင်မှုအား မှတ်သားအကဲဖြတ်ပါသည်။
၅။ အကြောင်းအရာနားလည်မှု (Conceptual Understanding)ဤအချက်သည် သင်တန်းသား၏ အတွေးအခေါ်ဆိုင်ရာ နားလည်သဘောပေါက်မှုကို စစ်ဆေးပါသည်။
သူ/သူမ ဖန်တီးနေသော အနုပညာလက်ရာ၏ အနှစ်သာရ (Core Idea/Message) ကို ရှင်းရှင်းလင်းလင်း သိရှိနားလည်မှု ရှိ/မရှိ။
သမိုင်းကြောင်း၊ ယဉ်ကျေးမှု သို့မဟုတ် သဘာဝတရားကဲ့သို့သော နက်ရှိုင်းသည့် အကြောင်းအရာများကို ပန်းချီဘာသာစကားဖြင့် မည်သို့ ဖော်ပြနိုင်သည်ကို နားလည်မှု။
သူ၏လက်ရာကို ကြည့်ရှုသူများအား မည်သို့သော အတွေးအမြင်မျိုး ပေးစွမ်းနိုင်မည်ကို စဉ်းစားတတ်မှု။
၆။ အရောင်အသုံးပြုမှု (Color Application)
Color Theory ကို ကျင့်သုံးနိုင်မှု - အရောင်စက်ဝိုင်း (Color Wheel) ပေါ်ရှိ အရောင်များ၏ ဆက်နွယ်မှုကို နားလည်ခြင်။
Tone Value - အရောင်၏ အလင်းအမှောင် (Lightness/Darkness) ကို ထိန်းချုပ်နိုင်မှု။
Contrast - ဆန့်ကျင်ဘက်အရောင်များ သို့မဟုတ် Tone Value များကို အသုံးပြု၍ ကြည့်ကောင်းအောင် ဖန်တီးနိုင်မှု။
Color Harmony - အရောင်များကို ညီညွတ်စွာ ပေါင်းစပ်အသုံးပြုနိုင်မှု (ဥပမာ- Analogous, Complementary, Triadic Schemes)။
၇။ ဆရာ၏အကြံပြုချက်များကို လိုက်နာမှု (Feedback Implementation)ဤအချက်သည် သင်တန်းသား၏ သင်ယူမှုစိတ်သဘောထားကို ပြသပါသည်။
ဆရာ မှ ပေးသော Constructive Criticism နှင့် အကြံဉာဏ်များကို လက်ခံနိုင်မှု။
ထိုအကြံပြုချက်များကို နားလည်ပြီး လက်ရှိ သို့မဟုတ် နောက်ပိုင်းလက်ရာများတွင် ထည့်သွင်းအသုံးချနိုင်မှု။
မိမိ၏ အားနည်းချက်များကို သိရှိကာ တိုးတက်အောင် ကြိုးစားလုပ်ဆောင်မှု ရှိ/မရှိ။
၈။ အချိန်မီတင်သွင်းမှု (Timely Submission)
သတ်မှတ်ထားသော Deadline အတွင်း လေ့ကျင့်ခန်း (Exercise) နှင့် Assignment လက်ရာများကို အပြီးသတ်၍ တင်သွင်းနိုင်မှု။
ဤအချက်သည် ပရော်ဖက်ရှင်နယ် အလုပ်အလေ့အကျင့်ကောင်းတစ်ခုဖြစ်သော အချိန်စီမံခန့်ခွဲမှု (Time Management) စွမ်းရည်ကို ပြသပါသည်။
၉။ Zoom Class တွင် ပါဝင်ဆွေးနွေးမှု (Class Participation)
အွန်လိုင်းအတန်းခန်းအတွင်း ဆရာမေးသော မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း။
ကိုယ်ပိုင်အတွေ့အကြုံများကို မျှဝေခြင်း။
အခြားသင်တန်းသားများ၏ လက်ရာများကို ကြည့်ရှုဝေဖန်အကြံပေးခြင်း (Peer Review)။
အုပ်စုလိုက် ဆွေးနွေးမှုများတွင် တက်တက်ကြွကြွ ပါဝင်ခြင်းတို့ကို အကဲဖြတ်ပါသည်။
ရမှတ်ပွိုင့်စုစည်းမှုနှင့် သတ်မှတ်ချက်များ
HK3-ART ၏ အဆင့်မြင့် အကဲဖြတ်စနစ်သည် ကမ္ဘာကျော် Harvard, MIT, Royal College of Art, Bauhaus နှင့် Coursera ကဲ့သို့သော အပြည်ပြည်ဆိုင်ရာအဆင့်မီ သင်ရိုးညွှန်းတမ်းများ၏ စံသတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် ဒီဇိုင်းပြုလုပ်ထားပါသည်။ ဤစနစ်သည် သင်တန်းသားများ၏ တီထွင်ဖန်တီးမှုစွမ်းရည် (Creativity)၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု (Technical Skill) နှင့် အနုပညာရှင်တစ်ဦး၏ အတွေးအမြင်များ (Conceptual Thinking) ကို အဆင့်ဆင့် ပုံဖော်တည်ဆောက်ပေးပါသည်။
"HK3-ART Online Art Classes: Evaluation System for Zoom Art Classes အမှတ်ပေးအကဲဖြတ်စနစ်သည် ကမ္ဘာ့အဆင့်မီ အနုပညာပညာရေးစံနှုန်းများကို လိုက်လျောညီထွေဖြစ်စေရန် ဒီဇိုင်းပြုလုပ်ထားပါသည်။ လူကြီးနှင့်ကလေး အတန်းများအလိုက် သင့်တော်သော သင်ယူမှုနည်းလမ်းများဖြင့် သင့်အနုပညာစွမ်းရည်ကို အဆင့်မြှင့်တင်ပေးရန်ကြိုးစားလျှက်ရှိပါသည်။”
အနုပညာဖြင့် ပျော်ရွှင်သော သင်ကြားမှုအခိုက်အတန့်များ ဖန်တီးနိုင်ကြပါစေ!
(ကူးယူဖော်ပြခွင့်မပြု)
လေးစားလျှက်
HK3-ART
Course Instructor
Online Art Classes and Programs For All Levels
For more : Email - hello@hk3-art.com


ကြိုးစားမယ်နော်
အလေးထားပြီးသင်ယူပါမယ်ဆရာ
စေတနာကိုအထင်သားမြင်ရပါတယ် အခုလိုသင်တန်းကို ဖွင့်ပေးလို့ ကျေးဇူးအထူးတင်ပါဆရာ 🙏အကောင်းဆုံးကြိုးစားပါ့မယ်💪